ရသေ့တောင်မြို့နယ်တွင် ကူးတို့သည်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ


မတ် ၂၅ ၊ ရသေ့တောင်

ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာတွင် ယနေ့မတ်လ ၂၅ ရက် နံနက် ၁၀ နာရီကျော်က ခရီးသည်ပို့ပြီးပြန်လာသည့် ကူးတို့သည်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ ရကြောင်း ကျေးရွာသားများထံမှ သိရသည်။

ကူးတို့သည် ဦးမောင်ချေမှာ အမျက်တောင်ကျေးရွာမှ ရေစိုးချောင်းကျေးရွာသို့ ခရီးသည်ပို့ပြီး မိမိ ရွာသို့ပြန်လာစဉ် သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း အမျက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်စံသိန်းက ပြောသည်။

ကူးတို့သည်အား မည်သည့်အဖွဲ့ကပစ်ခတ်သွားသည်၊ မည်သည့်အတွက်ကြောင့် ပစ်ခတ် သွားသည်ကို သေချာစွာမသိရသေးပေ။

“ဘယ်အဖွဲကပစ်တာလဲ့ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ အခု သူ့အလောင်းကိုရှာတွေပြီ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စံသိန်း ပြောသည်။

ကျေးရွာသားများ၏ ပြောဆိုချက်အရ ကူးတို့သည် ဦးမောင်ချေမှာ ကျေးရွာသို့ပြန်လာစဉ် ကမ်းစပ်မှ တစ်စုံတစ်ဦးက လှမ်းခေါ်သည်ကို စက်သံဖြင့် မကြားသည့်အတွက် သေနတ်ဖြင့်လှမ်းပစ်ခံရခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

သို့သော်လည်း ယခုသေနတ်ပစ်ခတ်သည့်အကြောင်းရင်းသည် ထင်မြင်ချက်တစ်ခုသာဖြစ်ပြီး တိကျ သေချာသည့် အကြောင်းရင်းကို မသိရသေးပေ။

သေနတ်ဖြင့်ပစ်သတ်ခံရသည့် ကူတို့သည် ဦးမောင်ချေတွင် သား၊ သမီး ၂ ဦးကျန်ခဲ့ကြောင်းနှင့် ဦးမောင်ချေ၏ရုပ်အလောင်းကို ရွာသို့သယ်ဆောင်လာပြီဖြစ်ကြောင်း သိရသည်။

ချလူးအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ရသေ့တောင်မြို့နယ်တွင် ကူးတို့သည်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ ရသေ့တောင်မြို့နယ်တွင် ကူးတို့သည်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.