ကြံ့ခိုင်ရေးပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း မကြာခင် ဆွေးနွေးမည်

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို တွေ့ရစဉ် / Photo: RFA
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေကြမ်းကိစ္စကို မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။

ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက ဒီကနေ့ အစီရင်ခံစာတင်သွင်းရာမှာ ပြင်ဆင်တဲ့ ဥပဒေကြမ်းထက် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီနဲ့ ပူးပေါင်းဆွေးနွေးဖို့သာ အဓိကပါဝင်တယ်လို့ ပြောဆိုခဲ့တာအပေါ် လွှတ်တော်ကိုယ်စားလှယ်တချို့က ဝေဖန်တာတွေလည်းရှိပါတယ်။

တပ်မတော်သားကိုယ်စားလှယ် ၂ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တဦးက လွှတ်တော်တွင်းမှာ ဆွေးနွေးခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် လွှတ်တော်နာယကက ခွင့်မပြုခဲ့ပါဘူး။

ဒီကနေ့ တင်သွင်းတဲ့ အစီရင်ခံစာကို ဆွေးနွေးလိုသူ ကိုယ်စားလှယ်တွေဟာ လာမယ့် မတ်လ ၇ ရက်နေ့ နောက်ထားပြီး စာရင်းပေးဖို့ကိုလည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ