အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၁၁ ဦး သေဆုံး

တိမ်းမှောက်ခဲ့တဲ့ High class ခရီးသည်တင်ယာဉ်
နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးမှာ ကလေးမြို့ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစ်စင်းဟာ ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၆ နာရီမှာ တိမ်းမှောက်ခဲ့လို့ သံဃာ ၄ ပါးအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တိမ်းမှောက်မှုကြောင့် သံဃာ ၁ ပါး အပါအဝင် အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၅ ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

High class ခရီးသည်တင်ယာဉ်ဟာ ရန်ကုန်-ကလေး-ဟုမ္မလင်းကို ပြေးဆွဲနေတာဖြစ်ပြီး တိမ်းမှောက်စဉ် ယာဉ်ပေါ်မှာ ခရီးသည် ၄၂ ဦး လိုက်ပါလာခဲ့တာပါ။
တိမ်းမှောက်ခဲ့တဲ့ High class ခရီးသည်တင်ယာဉ်
ခရီးသည်တင်ယာဉ်ဟာ အမြန်လမ်း မိုင်တိုင်အမှတ် ၇၇ နားအရောက်မှာ နောက်ယာဘီးပေါက်ကာ လမ်းလယ်ကျွန်း အကာအရံတွေကို ဝင်ရောက်တိုက်မိခဲ့ပြီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ် တစောင်းတိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယာဉ်တိမ်းမှောက်ရာနေရာမှာတော့ အုတ်သျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းက သွားရောက် ကူညီမှုပေးနေပြီး သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အမြန်လမ်းရဲတပ်ဖွဲ့ယာဉ်နဲ့ မြို့ချောင်းဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

BBC Burmese
https://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ