ဒေါ်အောင်ဆန်းစုကြည် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ မိန့်ခွန်းပြော

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ် / ဓါတ်ပုံ - မောင်သိန်း (ဒဿနိက)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့ The One Entertainment Park မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲတွေကို NLD အစိုးရလက်ထက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောတာရှိခဲ့သလို သ၀ဏ်လွှာပေးပို့တာတွေလည်း ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး ဂါရ၀ပြုခဲ့ပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မတ်၂၅ရက်နေ့မှာ ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာက ဒေသခံတွေနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

RFA Burmese
https://www.rfa.org/burmese
ဒေါ်အောင်ဆန်းစုကြည် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ မိန့်ခွန်းပြော ဒေါ်အောင်ဆန်းစုကြည် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ မိန့်ခွန်းပြော Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.