မြစ်ဆုံကိစ္စ ဘက်ပေါင်းစုံကနေ သုံးသပ်မှာဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်ပြော

NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင်ကို တွေ့ရစဉ် / Photo: Win Ko Ko Latt/ RFA
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ မနှစ်သက်ရင် နိုင်ငံရေးအရ စဉ်းစားဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ ဘက်ပေါင်းစုံကနေ သုံးသပ်မှာဖြစ်ကြောင်း NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင် က ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှာ ဒီနေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပပြီးနောက် မြစ်ဆုံနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံမှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာပြည်မှာ လုပ်မယ့်စီမံကိန်းတွေဟာ နိုင်ငံသူ နိုင်ငံသားတွေအတွက် ဘယ်လောက် အကျိုးအမြတ်ရှိမလဲဆိုတာ စဉ်းစားဖို့၊ ပြည်သူအကျိုးစီးပွားနဲ့ မကိုက်ညီရင် ပြည်သူ့အသံကို အစိုးရက နားထောင်ရတာကို နားလည်ပေးဖို့၊ တရုတ်အစိုးရက လုပ်တဲ့ စီမံကိန်းတွေဟာ မြန်မာပြည်နဲ့ ညီညွတ်မှုရှိဖို့ စတဲ့ အချက် ၃ချက်ကို ပြောကြားခဲ့တယ်လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့လိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၄ ရက်နေ့က ပဲခူးတိုင်း ပြည်မြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
မြစ်ဆုံကိစ္စ ဘက်ပေါင်းစုံကနေ သုံးသပ်မှာဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်ပြော မြစ်ဆုံကိစ္စ ဘက်ပေါင်းစုံကနေ သုံးသပ်မှာဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်ပြော Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.