တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် လူသတ်မှုဖြစ်ပွား


29.3.2019

တနင်္သာရီမြို့နယ်၊ လယ်သစ်အရှေ့ကမ်းကျေးရွာတွင် မတ်လ ၂၉ ရက်၊ နံနက် ၈ နာရီခန့်က ရွာလယ်လမ်းမပေါ်တွင် လူသတ်မှုဖြစ်ပွားကြောင်းသိရပါတယ်။

လယ်သစ်ကျေးရွာအပ်စု၊ လယ်သစ်အရှေ့ကမ်းကျေးရွာမှ စံအေး ဆိုသူက သောက်သုံးရေခပ်ရန် ဆိုင်ကယ်ဖြင့် နေအိမ်မှထွက်လာရာ ရွာလယ်လမ်းမအရောက်တွင် ယခင်ကလူမှုရေးပြဿနာရှိခဲ့ဖူးတဲ့ ဝင်းနိုင်(ခ)ဖိုးပု(၄၆)နှစ်၊ဆိုသူက ဆိုင်ကယ်ပေါ်မှဆွဲချ၍ အသင့်ယူဆောင်လာတဲ့ စကေဘာ ဖြင့် ထိုးလိုက်ရာ စံအေးတွင် ဝဲဘက်လက်ဖျံထိုးသွင်းဒဏ်ရာ ၁ ချက်၊ လက်ပြင်အောက်ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိပြီး နေအိမ်သို့လှည့်ပြေးရာ လမ်းခုလပ်တွင် ရရှိဒဏ်ရာဖြင့်လဲကျသေဆုံးသွားကြောင်းသိရပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူသတ်မှုကျူးလွန်သူ ဝင်းနိုင်(ခ)ဖိုးပု(၄၆)နှစ်၊ အား တနင်္သာရီမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik (Facebook)
တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် လူသတ်မှုဖြစ်ပွား တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.