ညောင်လေးပင်မြို့တွင် မော်တော်ယာဉ် အများအပြား ကားမှန် လေးခွဖြင့် အပစ်ခံရ


ညောင်လေးပင်မြို့မှာ မတ်လ ၁၂ ရက်နေ့ ညဥ့်နက်ပိုင်းက လမ်းတွေမှာ ရပ်တန့်ထားတဲ့ မော်တော်ယာဉ် (၉)စီး လေးခွနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့မရဲစခန်းက သိရပါတယ်။

ပစ်ခတ်ဖျက်ဆီးခံရတဲ့ ကာယကံရှင်တွေကိုယ်တိုင် လာရောက် တိုင်တန်းတာမရှိသလို ကိုယ်တိုင်စစ်ဆေး စာရင်းကောက် ယူထားတာတော့ (၉)စီးရှိတယ်လို့ ညောင်လေးပင် မြို့မရဲစခန်းမှူး ဒုရဲမှူး ဌေးဝင်းက ပြောပါတယ်။

တရားခံကို ဖမ်းမိဖို့အတွက် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ထားတယ် လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာတော့ ပစ်ခတ်ဖျက်ဆီးခံရတာ ၁၇ စီးရှိတယ်လို့ ရေးသားထားပါတယ်။

ရဲတပ်ဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ မြို့မ (၁)ရပ်ကွက် ဘုရားကြီးလမ်း၊ မြို့မ(၂)ရပ်ကွက် ကြေးနန်းလမ်း၊မြို့မ(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဈေးရှေ့လမ်း၊ မြို့မ(၄)ရပ်ကွက် မန္တလေးလမ်းတွေ မှာ နေထိုင်သူတွေရဲ့ ယာဉ်(၉) စီးကို ပစ်ခတ်ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။

ဖျက်စီးခံရတဲ့ အထဲမှာ CLUGER ၊ HI ACE ၊NOHA ၊ ခရီးသည်တင် EXPRESS ၊ HIACE၊ FOLAND ၊ TOYOACE နဲ့ DYNA တွေပါဝင်ပြီး အဲဒီကားတွေရဲ့မှန်တွေ ပျက်စီးခဲ့ရတာပါ။


ဆုးံရှုံးမှုတန်ဖိုး (၂၆)သိန်းခန့်ရှိတယ်လို့ ခန့်မှန်းထားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်ကာ တရားခံဖမ်းဆီးရမိရေး အတွက် စုံစမ်းစစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း -- ကိုထွေး(ညောင်လေးပင်)
One News Myanmar
https://www.facebook.com/onenewsmyan
ညောင်လေးပင်မြို့တွင် မော်တော်ယာဉ် အများအပြား ကားမှန် လေးခွဖြင့် အပစ်ခံရ ညောင်လေးပင်မြို့တွင် မော်တော်ယာဉ် အများအပြား ကားမှန် လေးခွဖြင့် အပစ်ခံရ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.