ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၃ ဦး သေ၊ ၇ ဦး ဒဏ်ရာရရှိ


၂၀၁၉ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ၀၇း၁၀ အချိန်ခန့် က ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်းကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၇၄/၁-၂)ကြားမှာ ယာဉ်တိုက်မှုကြောင့် ၃ ဦး သေ၊ ၇ ဦး ဒဏ်ရာရရှိကြောင်း သိရပါသည်။

 ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ နိုင်ထက်လင်း(၂၁)နှစ် (ဘ)ဦးဝင်းစိုး မဇင်းတိုးချဲ့(၂)ရပ်ကွက် ပဲခူးမြို့နေသူ မောင်းနှင်လာသည့် BGO 6M/×××× Suzuki Hijet အလှူခံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ဦးဝင်းသိန်းဖေ (၅၈)နှစ် (ဘ)ဦးဘဖေ အောင်မင်္ဂလာရပ်ကွက်၊ ဝမ်းတွင်းမြို့နေသူမောင်းနှင်ပြီး Asia အချိုရည်များ တင်ဆောင် လာသော MDY 3M/×××× Nissan ၂၂ ဘီးတွဲယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

 Suzuki Hijet ယာဉ်ပေါ်ပါ ၈ ဦးအနက် ဦးညွန့်လှိုင်(၄၉)နှစ် (ဘ)ဦးတွတ် ပုဏ္ဏားစုရပ်ကွက်၊ ပဲခူးမြို့နေသူ ပါ ၃ ဦး(ကျား ၁၊ မ ၂)တို့တွင် ဦးခေါင်းကြေမွ၊ ဝဲခြေသလုံးဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး နိုင်ထက်လင်းပါ ၃ ဦး(သံဃာ ၁၊ ကျား ၂)တို့တွင် ဦးခေါင်းပေါက်ပြဲ၊ နားသွေးထွက်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ပြီး စန်းမျိုး(၁၉)နှစ် (ဘ)ဦးနေဝင်း ပုဏ္ဏားစုရပ်ကွက်၊ ပဲခူးမြို့နေသူပါ ၂ ဦး(ကျား ၁၊ မ ၁)နှင့် Nissan ယာဉ်ပေါ်ပါ ဦးဝင်းသိန်းဖေ ပါ ၂ ဦး(ကျား ၁၊ မ ၁)တို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ပါသည်။

 ၀၈း၀၀ အချိန်တွင် သေဆုံး/ဒဏ်ရာရရှိသူများအား ဒိုက်ဦးပြည်သူ့ဆေးရုံနှင့် ပဲခူးပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်ခဲ့ပြီး ၁၃း၄၅ အချိန်တွင် နိုင်ထက်လင်း(ဖမ်းမမိ)အား ဖောင်တော်သီနယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန် နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၃ ဦး သေ၊ ၇ ဦး ဒဏ်ရာရရှိ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၃ ဦး သေ၊ ၇ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.