ရှမ်းပြည်နယ် အောင်ပန်းမြို့ ၌ ယာဉ်တိုက်မှု ဖြစ်ပွားကာ လူ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရရှိ

ယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - ရဲဇာနည်)
ရန်ကုန် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

    ရှမ်းပြည်နယ် အောင်ပန်းမြို့အဝင် ဆိုင်းဘုတ်အနီးတွင် မတ် ၁၃ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကာ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံမှ သိရသည်။

ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်(၇၈/၂-၃)ကြား၌ ကလောမှ အောင်ပန်းသို့ မောင်းနှင်လာသည့် ၆ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ အောင်ပန်းမှ ကလောသို့ မောင်းနှင်လာသည့် ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ကလောမှ အောင်ပန်းသို့ မောင်းနှင်လာသည့် ၆ ဘီးယာဉ်မောင်းနှင်သူကို အောင်ပန်းနယ်မြေရဲစခန်းမှ အရေးယူ ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရှမ်းပြည်နယ် အောင်ပန်းမြို့ ၌ ယာဉ်တိုက်မှု ဖြစ်ပွားကာ လူ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရရှိ ရှမ်းပြည်နယ် အောင်ပန်းမြို့ ၌ ယာဉ်တိုက်မှု ဖြစ်ပွားကာ လူ ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရရှိ Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.