အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းဘေးအအေးဆိုင်အား ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ် ၄ စီးပျက်စီးပြီး လူ ၇ ဦးဒဏ်ရာရ


ကံမ မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်ကြို့ပင်ကျေးရွာအနီးမိုင်တိုင် အမှတ် ၁၈၇/၃ ပုသိမ်-မုံရွာလမ်းမကြီးပေါ်၌ မတ် ၁၄ ရက် ညနေ ၆ နာရီခွဲ ခန့်က ဥသျှစ်ပင်မြို့ဘက်မှ မင်းဘူးမြို့ဘက်သို့
ယာဉ်မောင်းကျော်ဇေလတ်(၃၈)နှစ် မောင်းနှင်လာသောဂါလံ ၂၆၀၀ ဆံ့ ဆီသယ်မော်တော်ယာဉ် 7B/------သည်အရှိန်မထိန်းနိုင်ဘဲ လမ်း၏အနောက်ဘက်ခြမ်းတွင် ရပ်ထားသောမော်တော်ဆိုင်ကယ်၎ စီးအား တိုက်မိပြီး ဆက်လက်၍ထက်သီရိကုန်စုံနှင့် အအေးဆိုင်အား ဝင်ရောက်တိုက်မိရာ လူ ၇ ဦးမှာဒဏ်ရာများ ရရှိခဲ့ပြီး စိုးရိမ်ဖွယ်ရာမရှိကြောင်းသိရသည်။


အဆိုပါယာဉ်တိုက်မှုကြောင့် ထက်သီရိ ကုန်စုံနှင့်အအေးဆိုင် ၏အရှေ့ခြမ်းပြိုကျပျက်စီးပြီး ဆိုင်အတွင်းရှိ ကုန်စုံများနှင့် စားပွဲများ၊ထိုင်ခုံများပျက်စီးခဲ့ပြီး တရုတ်နိုင်ငံလုပ် မော်တော်ဆိုင်ကယ် ၄ စီး ပျက်စီးခဲ့ကြောင်းနှင့် ယာဉ်မောင်း ကျော်ဇေလတ်အား ဥပဒေအရအမှုဖွင့်အရေးယူဆောင်ရွက် လျှက်ရှိကြောင်းသတင်းရရှိသည်။

ကိုကိုကျော်(ကံမ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းဘေးအအေးဆိုင်အား ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ် ၄ စီးပျက်စီးပြီး လူ ၇ ဦးဒဏ်ရာရ အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းဘေးအအေးဆိုင်အား ဝင်ရောက်တိုက်မိသဖြင့်  ဆိုင်ကယ် ၄ စီးပျက်စီးပြီး လူ ၇ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 12:28 Rating: 5
Powered by Blogger.