![]() |
တရုတ်နိုင်ငံခြားရေး ၀န်ကြီး Wang Yi - တရုတ် မြန်မာ နယ်ခြားမှတ်တိုင်ကို သွားရောက်။ ဓာတ်ပုံ - Foreign Affairs Office of Yunnan Province |
တရုတ် မြန်မာ နယ်စပ် တည်ငြိမ်ရေးဟာ တရုတ်ပြည် အနောက်တောင်ပိုင်း လုံခြုံရေး၊ ခါးပတ်လမ်း စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးက ပြောကြောင်းလည်း ဖော်ပြထားပါတယ်။ နှစ်နိုင်ငံ ပြည်သူတွေရဲ့ နေထိုင်မှု ၀န်းကျင်ကောင်း ဖန်တီးဖို့၊ အိုးအိမ် ကာကွယ်စောင့်ရှောက်ဖို့ အတွက်လည်း ဌာနဆိုင်ရာတွေကို ပြောကြားသွားခဲ့ပါတယ်။
တရုတ် မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေးကို ပိုမို အားသွန်ခွန်စိုက် လုပ်ကိုင်ကြဖို့နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် နယ်စပ်ဒေသမှာ လူပုဂ္ဂိုလ် အပြန်အလှန် လဲလှယ် လုပ်တာတွေကို ပိုမို အလွယ်တကူ လုပ်လာနိုင်လိမ့်မယ်လို့ ၀န်ကြီးက ပြောကြားသွားတယ်လို့ ရေးသားထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
နိုင်ငံခြားရေး ၀န်ကြီး Wang Yi တရုတ် - မြန်မာ နယ်ခြားမှတ်တိုင် သွားရောက်
Reviewed by THITHTOOLWIN
on
08:29
Rating:
