![]() |
St Martin ကျွန်း |
မနေ့က ကြာသပတေးနေ့မှာ မြန်မာသံ အမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်စာပေးခဲ့တဲ့အခါ မြန်မာသံအမတ် က မှားယွင်းပြီးဖေါ်ပြခဲ့တာလို့ ၀န်ခံခဲ့တယ်လို့ဆိုပါတယ်။ ဒီလို မှားယွင်းဖေါ်ပြမှုမျိုးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၆ရက်နေ့တုန်းကလည်း မြန်မာအစိုးရ ၀ဘ်ဆိုဒ်မှာ ဖေါ်ပြခဲ့ပါသေး တယ်။ အဲဒီတုန်းကလည်း ဘင်္ဂလားဒေ့ရှ် ဘက်က ကန့်ကွက်ခဲ့ပြီး မြေပုံမှာပြောင်းလဲခဲ့ပါတယ်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံခြား ရေးဝန်ကြီး ဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှုးချုပ် Md Delwar Hossain သတင်း သမားတွေကို ပြော ပြချက်အရ ဘာကြောင့်အခုလို အကြိမ်ကြိမ်မှားယွင်းဖေါ်ပြမှုဖြစ်ရ သလဲလို့ မြန်မာသံအမတ် ဦးအောင်ကျော်ကိုမေးမြန်း တဲ့အခါ မှားယွင်းမှုဖြစ်ကြောင်းနဲ့ ဒီကိစ္စကို သူ့ရဲ့အထက်အရာရှိကိုတင်ပြပြီး မနက်ဖြန် ပြန်ပြင်ပေးမယ်လို့လည်း ကတိပေး ခဲ့ကြောင်းပြောပါတယ်။ စိန့်မာတင်ကျွန်းဟာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တုန်းက အိန္ဒိနိုင်ငံပိုင်နယ်မြေထဲမှာရှိခဲ့တာပါ။ အိန္ဒိယက နေ ပါကစ္စတန်ခွဲထွက်ခဲ့ပြီး ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ် အဖြစ် ထပ်ခွဲ ထွက်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် အကြား ပင်လယ်ရေကြောင်းပိုင်နက်ဆိုင်ရာ သဘောတူညီချက်အရ စိန့်မာတင်ကျွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်ဖြစ်ခဲ့ တာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
St Martin ကျွန်းကို မြန်မာပိုင်ဟုဖေါ်ပြမှု ဘင်္ဂလားဒေရှ့် ကန့်ကွက်
Reviewed by THITHTOOLWIN
on
08:57
Rating:
