ပုဂံ Road Race တာဝေးစက်ဘီးစီးပြိုင်ပွဲတွင် ဒိုင်ဖြစ်သူအား ယာဉ်တိုက်ခံရပြီးနောက် ပြိုင်ပွဲကို ရပ်ဆိုင်းလိုက်ရ
မန္တလေး - ၂၃ ဖေဖော်ဝါရီ
ပုဂံ Road Race တာဝေးစက်ဘီးစီးပြိုင်ပွဲတွင် ဒိုင်ဖြစ်သူအား ယာဉ်တိုက်ခံရပြီးနောက် ပြိုင်ပွဲကို ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ စက်ဘီးစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။
ပုဂံ Road Race တာဝေးစက်ဘီးစီးပြိုင်ပွဲကို ယနေ့စတင်ကျင်းပခြင်းဖြစ်ပြီး တာထွက်ပြီး ၁၄ မိုင်ခန့်အရောက်တွင် ဒိုင်ဖြစ်သူ ကိုအောင်မျိုးနိုင်ကိုယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိ ကြောင်း သိရသည်။ ယာဉ်တိုက်မှု ကြောင့် ဒိုင်ဖြစ်သူ ကိုအောင်မျိုးနိုင်သည်
ပြင်းထန်စွာ ဒါဏ်ရာရရှိကာပခုက္ကူ ဆေးရုံအပို့တွင် လမ်း၌ ကွယ်လွန်ခဲ့ ကြောင်း သိရသည်။
"ပုဂံက အထွက် မြင်းခြံ လမ်းပေါ်မှာဖြစ်တာပါ။ကားက အရှိန်များပြီး ဝင်တိုက်မိတာပါ။ဒီမှာလည်း နာရေးကိစ္စနဲ့ဆိုတော့ ပြိုင်ပွဲကို ရပ်ဆိုင်းလိုက်ပါတယ်'' ဟု မြန်မာနိုင်ငံ စက်ဘီးစီးအားကစားအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး ဦးအောင်နိုင်မိုးက ပြောသည်။
ယာဉ်တိုက်ခံရသူသည် အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးစီးအရာရှိ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ စက်ဘီးအားကစား အဖွဲ့ချုပ်အဖွဲ့ဝင်လည်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စက်ဘီးအားကစား အဖွဲ့ချုပ် (MCF) နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ပထမဦးဆုံးအကြိမ်မြောက် ပုဂံ Road Race တာဝေးစက်ဘီးစီးပြိုင်ပွဲကြီးကို ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ယခု အခါ ပြိုင်ပွဲ ကိုရပ်ဆိုင်းလိုက်ပြီ ဖြစ်သည် ။
ယာဉ်ကို အရှိန်မထိန်းနိုင်ပဲ မောင်းနှင်သည့် ယာဉ်မောင်းအား ညောင်ဦးရဲစခန်းမှ အရေးယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
အိမို့မို့ခိုင်
Photo- Bicycle Network Myanmar
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ပုဂံ Road Race တာဝေးစက်ဘီးစီးပြိုင်ပွဲတွင် ဒိုင်ဖြစ်သူအား ယာဉ်တိုက်ခံရပြီးနောက် ပြိုင်ပွဲကို ရပ်ဆိုင်းလိုက်ရ
Reviewed by THITHTOOLWIN
on
23:25
Rating:
