ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့သစ် မှာ ဖေဖော်ဝါရီလ ၂၁ ရက်က ခြံဂရန်သက်တမ်းတိုးဖို့နဲ့ ခြံကာဖို့ ပြောဆိုရာမှာ လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ တောင်ငူမြို့သစ်ရဲစခန်း က သိရပါတယ်။
တောင်ငူမြို့သစ် မင်းကြီးဆွေရပ်ကွက်မှာ နေထိုင်သူ ရဲဝင်းဆီကို ၂၀၁၂ခုနှစ်က ခြံဝယ်ယူဖူးသူ ရန်ကုန်မြို့ စမ်းချောင်းမှာ နေထိုင်တဲ့ ဦးစိုးလင်းသန်း အပါအဝင် မိသားစု (၃) ဦးရောက်ရှိလာပြီး ဝယ်ယူထားသောခြံ ဂရန်သက်တမ်းတိုးဖို့ အတွက် ရဲဝင်းရဲ့ အိမ်ထောင်စုနဲ့ မှတ်ပုံတင်တောင်းယူရာမှ စကားများခဲ့တယ်လို့ ရဲမှတ်တမ်းတွေ အရသိရပါတယ်။
ခြံကိစ္စစကားများရာက ရဲဝင်းက အနီးရှိလျှပ်စစ်မီးတိုင်တွင်အသုံးပြုတဲ့ ကြွေသီးနဲ့ ထုရိုက်ခဲ့တာကြောင့် ဦးစိုးလင်းသန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ချောစုစုလင်းတို့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာပါ။ သမီးဖြစ်သူ ကတော့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
သေဆုးံခဲ့သူနှစ်ဦးကို ရဲဝင်းနဲ့ အတူ ဖခင်ဖြစ်သူ ဦးတိုးကြည်လည်း အခြားကြွေးသီးတစ်လုံးနဲ့ ဝင်ရောက်ရိုက်နှက်ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ဒါကြောင့် မြို့သစ်ရဲစခန်းက ရဲဝင်းနှင့်တိုးကြည်တို့ကို (ပ)၂၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅/၁၁၄ နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း- ဖြိုးကိုလင်း(ညောင်ဝိုင်း)
One News Myanmar
https://www.facebook.com/onenewsmyan
ဂရန်သက်တမ်း တိုးရန် ပြောဆိုရာမှ လူသတ်မှုဖြစ်
Reviewed by THITHTOOLWIN
on
08:29
Rating:
