![]() |
NLD ပါတီကိုယ်စားလှယ် တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့ဖို့ အဆိုကို တပ်မတော်သားကိုယ်စားလှယ်တွေကန့်ကွက်ခဲ့ |
လတ်တလောမှာ NLD ပါတီအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ ကော်မတီဖွဲ့ဖို့အရေးကြီး အဆိုတင်ခဲ့ပြီး ကော်မတီဖွဲ့ဖို့ဆောင်ရွက်နေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် ရဲ့ ကိုယ်စားလှယ်၂၀ ရာခိုင်နှုန်းက လက်မှတ်ထိုးတင်ပြလာရင် လွှတ်တော်မှာဆွေးနွေးရမယ်လို့ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပြဌာန်းထားပါတယ်။
လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက ၅ ရာခိုင်နှုန်း တိုင်းရင်းသားပါတီတွေက ၁၁ ရာခိုင်နှုန်း တပ်မတော်သားကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်းနဲ့NLD က ၅၉ ရာခိုင်နှုန်းရှိပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ဥပဒေကြမ်းတင်ဖို့၂၀ ရာခိုင်နှုန်း ပြည့်မှီအောင် တပ်မတော်နဲ့ညှိနှိုင်းဆောင်ရွက်ရမဲ့ သဘောရှိပါတယ် ။ ဒီအတွက်လည်းကြံ့ခိုင်ရေးပါတီကတင်လာမဲ့ဥပဒေကြမ်းဟာ တပ်မတော်နဲ့သဘောတူထားပြီးဖြစ်တဲ့ပုဒ်မတွေဖြစ် လာနိုင်တယ်လို့တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်အချို့ကသုံးသပ်ထားပါတယ်။
BBC Burmese
https://www.bbc.com/burmese
ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ့် ဥပဒေကြမ်း လွှတ်တော်မှာတင်ပြမယ်
Reviewed by THITHTOOLWIN
on
09:58
Rating:
