![]() |
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB |
ဒါ့အပြင် မြန်မာစစ်တပ်က အရင်က မူစလင်တွေကို တိုက်ခိုက်ခဲ့ပေမယ့် အခုတော့ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူတွေနဲ့ တိုင်းရင်းသားတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Momen က ဝေဖန်ခဲ့ကြောင်းTimes of India သတင်းမှာ ဖေါ်ပြထား ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ AA နဲ့ မြန်မာတပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် ဗုဒ္ဓဘာသာဝင်နဲ့ ဟိန္ဒူတွေပါ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာနေတာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ဘက်က နောက်ထပ် ဒုက္ခသည်တွေ ထပ်ပြိး လက်မခံနိုင်တော့တဲ့ အတွက် နယ်စပ်ကိုပိတ်ထားရတယ်လို့လည်း အိန္ဒိယနိုင်ငံကို ခရီးမထွက်ခွါခင် ဝန်ကြီး Momen က သတင်းထောက်တွေကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်က သူ့နယ်စပ်မှာ လမ်းဖွင့်ပေးထားတဲ့အတွက် ဒုက္ခသည်တွေ တလှေကြီး ဝင်ရောက်လာတာ ဖြစ်ပြီး အခုတော့ တခြားနိုင်ငံတွေကပါ သူတို့ နယ်စပ်တွေကို လမ်းတွေ ဖွင့်ထားပေးမယ်ဆို ပိုကောင်းမှာ ဖြစ်ကြောင်း ပြောပါတယ်။
တချိန်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ကလည်း မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘန်ဒရာဘင်ပြည်နယ် Ruma ဒေသမှာ အင်အားဖြည့်ဖို့ တပ်တွေစေလွှတ်ထားတယ်လို့ ပြောပါတယ်။
မကြာခင် ရက်တွေအတွင်း ဗုဒ္ဓဘာသာဝင် မိသားစု ၃၈ စုအပါအဝင် မြန်မာနိုင်ငံသာ ၁၅၀ လောက် နယ်စပ်ကျော်ဖြတ်ဝင်ရောက် လာတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတွေက ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မြန်မာနယ်စပ်ကို ဘင်္ဂလားဒေရှ့် ဘက်က ပိတ်ဆို့
Reviewed by THITHTOOLWIN
on
07:12
Rating:
