အထပ်သားစက်ရုံမီးလောင်မှု အလုပ်သမား ၁ဦးသေ

၂၀၁၉ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညက မီးလောင်နေတဲ့ Honda(Myanmar) အထပ်သားစက်ရုံကို မီးသတ်သမားတွေ ငြိမ်းသတ်နေစဉ် / Photo: The Helping Hand
ရန်ကုန်ုတိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ ၀ါးတရာစက်မှုဇုန်ထဲက Honda (Myanmar) အထပ်သားစက်ရုံ မီးလောင်မှုမှာ အလုပ်သမားတစ်ဦး သေဆုံးပြီး ၁၃ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးထဲက ၂ဦးကိုတော့ အရေးပေါ်ကုသနေရတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က RFA ကို ပြောပါတယ်။

မနေ့ည ၇နာရီခွဲလောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲဒီမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က Level 3 အဆင့်သတ်မှတ်ကာ တစ်နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
အထပ်သားစက်ရုံမီးလောင်မှု အလုပ်သမား ၁ဦးသေ အထပ်သားစက်ရုံမီးလောင်မှု အလုပ်သမား ၁ဦးသေ Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.