![]() |
အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ယီယက်နမ်နိုင်ငံ၊ မြို့တော် ဟနွိုင်းမှာတွေ့ဆုံကြမယ့် ဒုတိယမြောက်အစည်းအဝေးကို ဖော်ညွှန်းထားတဲ့ ပိုစတာ (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉) |
ကင်ဂျုံအွန်းဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းကနေ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ လက်နက်တွေတပ်ဆင်ထားတဲ့ ရထားနဲ့ စတင် ထွက်ခွာလာခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားသံတမန်တဦးကို ကိုးကားပြီး၊ TASS သတင်းက ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ဗီယက်နမ်သမ္မတ Nguyen Phu Trong ရဲ့ ဖိတ်ကြားချက်အရ၊ လာမယ့်ရက်ပိုင်းအတွင်းမှာ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် လာရောက်မှာဖြစ်တယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ အစောပိုင်းမှာ ကြေညာပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကိုတော့ ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
သမ္မတထရမ့်နဲ့ ဗီယက်နမ်မှာတွေ့ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း မီးရထားနဲ့ ခရီးနှင်
Reviewed by THITHTOOLWIN
on
23:13
Rating:
