ချစ်သူစုံတွဲထံမှ အမည်မသိလူနှစ်ဦး ငွေတောင်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး တက္ကသိုလ်ကျောင်းသား တစ်ဦး ဓါးထိုးခံရ၍ သေဆုံ
မုနိမြီ ၊ ဖေဖေါ်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး ဓားထိုးခံရ၍ သေဆုံးဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည် ။
"၂၀၁၉ ဖေဖော်ဝါရီ (၁၈)ရက်နေ့ ည(၁၀)နာရီခွဲ အချိန်ခန့်တွင် တက္ကသိုလ်နောက်ဆုံးနှစ်တက်နေသော ကျောင်းသားစုံတွဲသည် ဆိုင်ကယ်ပတ်စီးရင်း ချစ်သူလမ်းကြား(မြို့ရှောင်လမ်း)စစ်ကွင်းရွာအနားတွင် စကားပြောနေစဉ် အမည်မသိ လူနှစ်ဦးမှရောက်ရှိလာပြီး။ ငွေတောင်းရာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျောင်းသားအား ဓားဖြင့်ထိုး၍ ထွက်ပြေးသွားတယ်။ ဓါးထိုးခံရသော ကျောင်းသားအား မြင့်မြတ်ဆေးရုံမှတဆင့် ဟင်္သာတပြည်သူဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့သည်။ သေဆုံးသည့်ကျောင်းသားတွင် တက္ကသိုလ်နောက်ဆုံးနှစ်(မြန်စာ)မှဖြစ်ပြီး ဇလွန်မြို့နယ်မှ ဟင်္သာတတက္ကသိုလ်သို့ လာရောက်တတ်နေသူ ဖြစ်ကြောင်း" သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူများအား ဟင်္သာမြို့မရဲစခန်းမှ (ပ)၁၈၅/၂၀၁၉၊ ရာဇာသတ်ကြီးပုဒ်မ ၃၀၂/၃၂၄/၁၁၄တို့ အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းမိနိုင်ရေးအတွက် တပူတပြင်းစုံးစမ်းစစ်ဆေးနေကြောင်း စုံစမ်းသိရှိရပါသည်။
သာခိုင်(မုနိမြီ)
Munimary News Agency
https://www.facebook.com/munimarynews/
ချစ်သူစုံတွဲထံမှ အမည်မသိလူနှစ်ဦး ငွေတောင်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး တက္ကသိုလ်ကျောင်းသား တစ်ဦး ဓါးထိုးခံရ၍ သေဆုံ
Reviewed by THITHTOOLWIN
on
18:05
Rating:
