သစ်တင်ကားတစ်စီးမမြဖောက်ချောင်းတံပေါ်မှ ဖြတ်သန်းစဉ် တံတားကျိုးကျပြီး ယာဉ်တိမ်းမှောက်မှုကြောင့် လူ(၆)သေဆုံးမှုဖြစ်ပွား


အင်္ဂပူ ဖေဖော်ဝါရီ ၂၂

အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊တစ်တီတူးကွင်းကျေးရွာအုပ်စု၊ ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ မမြဖောက်ချောင်း တံတားတွင် ဖေဖော်ဝါရီ၂၂ရက် နံနက်၁နာရီ ခန့်က တံတားပေါ်သို့ သစ်တင်ကား တစ်စီးဖြတ်သန်း မောင်းနှင်စဉ်တံတားကျိုးကျပြီး သစ်တင်ကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါ လာသောအလုပ်သမား (၆)ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကြံခင်းမြို့နယ်၊စပါးအိုးကျေးရွာမှသစ်များ တင်ဆောင်ပြီးအလုပ်သမား၁၀ဦးလိုက်ပါလာသော ယာဉ်မောင်းတင်မောင်ဆွေ မောင်းနှင်သည့်ခြောက်ဘီးယာဉ်သည် တစ်တီတူးကွင်းကျေးရွာအုပ်စု၊ ထူးကြီး- ရွှေကျင်လမ်းပေါ်ရှိ မမြဖောက်ချောင်းသစ်သားတံတားပေါ် သို့ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုးကျမှု ကြောင့် ကားပေါ်တွင်လိုက်ပါလာသော အလုပ်သမား(၁၀)အနက်မှ(၆)ဦးသေဆုံးပြီး(၃)ဦးဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ(၃) ဦးအား ထူးကြီးမြို့ပြည်သူ့ဆေးရုံသို့ရဲဆေးစာဖြင့် ပို့ဆောင်ဆေးကုသ ပေးခဲ့ကြောင်းနှင့်ယာဉ် မောင်း တင်မောင်ဆွေအား ထူးကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သစ်တင်ကားတစ်စီးမမြဖောက်ချောင်းတံပေါ်မှ ဖြတ်သန်းစဉ် တံတားကျိုးကျပြီး ယာဉ်တိမ်းမှောက်မှုကြောင့် လူ(၆)သေဆုံးမှုဖြစ်ပွား သစ်တင်ကားတစ်စီးမမြဖောက်ချောင်းတံပေါ်မှ ဖြတ်သန်းစဉ် တံတားကျိုးကျပြီး ယာဉ်တိမ်းမှောက်မှုကြောင့် လူ(၆)သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:42 Rating: 5
Powered by Blogger.