ဝက်သက်ရောဂါ ကာကွယ်ဆေးအပိုဆောင်းအုပ်စုလိုက်ထိုးနှံတာကို ရန်ကုန်က မြို့နယ် ၇ မြို့နယ်မှာ ပြုလုပ်မယ်

ကာကွယ်ဆေးထိုးပြီးသူတွေလည်း ပြန်လည်ထိုးဖို့လိုအပ်
ဝက်သက်ရောကာကွယ်ဆေးအပိုဆောင်း အုပ်စုလိုက်ထိုးနှံတာကို ရန်ကုန်ကလူဦးရေအထူထပ်ဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ် အပါအဝင် ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ဒဂုံအရှေ့၊ ဒဂုံတောင်နဲ့ ဒဂုံ ဆိပ်ကမ်း မြို့နယ်တွေမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီအစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၈ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီး ၉လသားကနေ အသက် ၁၅ နှစ်အောက် အားလုံးကို ထိုးနှံပေးသွားမှာဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးသူတွေလည်း ပြန်လည်ထိုးဖို့လို အပ်တယ်လို့ သိရပါတယ်။

ဝက်သက်ရောဂါဟာ ပြီးခဲ့တဲ့ ၄လအတွင်း ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အပြင် အိမ်နီးချင်းထိုင်းနိုင်ငံမှာပါ ကာကွယ်ဆေးမထိုးထားသူတွေမှာ ရောဂါဖြစ်ပွားမှုတွေများလာပြီး သေဆုံးမှု တွေပါရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ