ဖခင်ဖြစ်သူအတွက် ဆေးလိပ် ၂၀၀ကျပ်ဖို့ ဝယ်ယူလာသည်ကို ချိုးပစ်လိုက်သည့် ဇနှီးဖြစ်သူအား ဓါးချွန်းဖြင့်ထိုးသတ်မှုဖြစ်ပွား


မုနိမြီ၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မကျီးအုပ်ကျေးရွာ၌ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်က လင်မယားခြင်းစကားများ၍ ဓါးလုရာမှ လူသတ်မှုဖြစ်ပွားကြောင်း မြို့မရဲစခန်းမှ သိရှိရသည်။

“ကျွန်တော် ငွေ ၁ ထောင်ယူ၍ ဓါတ်ခဲ (၅၀၀) ဖိုး၊ အကြော် (၃၀၀) ဖိုးဝယ်ပြီး၊ ပိုငွေ (၂၀၀)ကို ဖခင်ဖြစ်သူအတွက် ဆေးလိပ်ဝယ်၍ အိမ်ပြန်လာခဲ့ရာ မိန်းမဖြစ်သူ မမော်မှာ ၀ယ်လာသောဆေးလိပ်များကို ချိုးပစ်လိုက်သောကြောင့် လင်မယားခြင်း စကားများရာမှ ကျွန်တော်၏ ဘယ်ဘက်လက်မောင်းကို ဇနှီးဖြစ်သူ မမော် (၄၅)နှစ်၊ကိုက်သဖြင့် တိုင်တွင်ချိတ်ထားသော လွယ်အိတ်အတွင်းက ကြွက်ထိုးရာတွင်အသုံးပြုသော အရိုးအသွား(၁၁)လက်မခန့်ရှိ ဓါးချွန်းကိုကိုင်၍ ရွယ်လိုက်ပြီး ငါလုပ်လိုက်ရင် ငါပဲခံရမည်ဟု တွေးမိ၍ ဓါးချွန်ကို ခေါင်းအုံးအောက်တွင် ပြန်လည်သိမ်းထား လိုက်ကြောင်း၊ ၎င်းသိမ်းထားသောဓါးချွန်ကို မိန်းမဖြစ်သူ မမော် က ယူပြီး ကျွန်တော့်အား ထိုးမည့်အလုပ်တွင် ဓါးချွန်ကို မိန်းမဖြစ်သူ မမော် လက်ထဲမှ ပြန်လုယူစဉ် မမော်၏ညာရင်ဘတ်ပေါ်တွင် ထိုးမိသွားသဖြင့် နေရာတွင်လဲကျသွားပြီးအော်ဟစ်အကူညီတောင်းရာ တူမဖြစ်သူ မဇာဇာလင်း ရောက်ရှိလာသောကြောင့် ကျွန်တော်လဲ ဓါးကိုင်၍ ကျေးရွာရာအိမ်မှူး ဦးတင့်ဆွေနေအိမ်သို့ သွားရောက် အကျိုးအကြောင်း ရှင်းပြပြီး။ ကျွန်တော်၏ဖခင်ဖြစ်သူအိမ်၌ အဖမ်းခံရန် စောင့်ဆိုင်းနေကြောင်း၊ ပြစ်မှုကျူးလွန်သူ မင်းမင်းစိုးမှ ၀န်ခံထွက်ဆိုသည်"ဟု သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပါတ်သက်၍ ပြစ်မှုကျူးလွန်သူ မင်းမင်းစိုး အသက် (၃၁)နှစ် အား ခင်ဦးမြို့မရဲစခန်းမှ (ပ)၈၅/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးအရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။

သာခိုင်(မုနိမြီ)
Munimary News Agency
https://www.facebook.com/munimarynews/
ဖခင်ဖြစ်သူအတွက် ဆေးလိပ် ၂၀၀ကျပ်ဖို့ ဝယ်ယူလာသည်ကို ချိုးပစ်လိုက်သည့် ဇနှီးဖြစ်သူအား ဓါးချွန်းဖြင့်ထိုးသတ်မှုဖြစ်ပွား ဖခင်ဖြစ်သူအတွက် ဆေးလိပ် ၂၀၀ကျပ်ဖို့ ဝယ်ယူလာသည်ကို ချိုးပစ်လိုက်သည့် ဇနှီးဖြစ်သူအား ဓါးချွန်းဖြင့်ထိုးသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:07 Rating: 5
Powered by Blogger.