![]() |
မိုင်းယောင်း၌ ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ လူနှစ်ဦးသေဆုံး |
ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းယောင်းမြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက်က ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိရာ လူနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲက မိုင်းယောင်းမြို့အထွက် စစ်မှုထမ်းဟောင်းရုံးအနီး မိုင်းယောင်း-မိုင်းဖြတ်သွားကားလမ်းမပေါ် မိုင်းယောင်းဘက်မှ ဟောင်ကြန့်ကျေးရွာဘက်သို့ စိုးဝဏ္ဏ(ခ)မောင်မောင် မောင်းနှင်လာသော Viva-110 နက်စိမ်းရောင်ကြားဆိုင်ကယ်နှင့် ဟောင်ကြန့်ကျေးရွာဘက်မှ မိုင်းယောင်းမြို့တွင်းသို့ ရှေ့တန်းအမှတ်(၃၃၄)ခြေမြန်တပ်ရင်းမှ ဆေးဗိုလ်ကြီး ဟိန်းထက်ဦး(၂၇ နှစ်) မောင်းနှင်လာသော Wave-I 125 နီနက်ကြားဆိုင်ကယ် နှစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ နှစ်ဦးစလုံး အခင်းဖြစ်ပွားသည့်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းယောင်းမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEW
မိုင်းယောင်း၌ ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ လူနှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
07:41
Rating:
