မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရေးေ၀၀ါးနေဆဲ

ဧရာဝတီ မြစ်ဆုံဒေသကို တွေ့ရစဉ် ။ Photo: Zarni Htun/RFA
တရုတ်ပြည်ရဲ့ BRI ခေါ် စင်္ကြန်နဲ့ ပတ်လမ်းစီမံကိန်းအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အကောင်းမြင်ပြောဆိုနေပေမဲ့၊ မြန်မာဘက်က တဘက်သတ် ရပ်ဆိုင်းထားခဲ့တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ရေးကိစ္စကတော့ အခုထိေ၀၀ါးနေဆဲပဲလို့ တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်း သတင်းစာက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလကတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း က မြစ်ဆုံဆည်စီမံကိန်းကို အရွယ်အစားလျှော့ချမလား၊ တခြားနေရာတခုခုကို ပြောင်းရွှေ့ဆောင်ရွက်မလား၊ တခြားစီမံကိန်းတခုခုနဲ့ အစားထိုးမလားလို့ အဆိုပြုခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ဘက်ကတော့ ဒါဟာ မြန်မာအစိုးရအပေါ် ဂုဏ်သိက္ခာကျဆင်းဖွယ်ရာ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူတွေကြားမှာ အယုံအကြည်ကင်းမဲ့စရာ ဖြစ်သွားမယ့်အပြင်၊ စီမံကိန်းကို ပယ်ဖျက်လိုက်ရင် တရုတ်ကုမ္ပဏီကို ဒေါ်လာ သန်း ၈၀၀ ပြန်ပေးရမှာဖြစ်ကြောင်း၊ ဒါ့ပြင် လာမယ့်အနာဂတ်မှာလည်း တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီုးမြှုပ်နှံမယ်ဆိုရင် ဘဏ်တိုက်တွေကနေ ငွေချေးဖို့ ခက်ခဲသွားလိမ့်မယ်လို့ ဂလိုဘယ်တိုင်း သတင်းစာက ဖေါ်ပြပါတယ်။

RFA Burmese
https://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ