ဆိုင်ကယ်နှင့် ကား မျက်နှာချင်းဆိုင်တိုက် သုံးဦးသေဆုံး


သရက်ချောင်း - ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် သင်ပုန်းချောင်း ကျေးရွာ မြိတ် - ထားဝယ် ကားလမ်းမိုင်တိုင်အမှတ် (၅၀/၄)နှင့်( ၅၀/၅)အကြား၌ ဖေဖော်ဝါရီ၂၀ရက် ည ၁၁နာရီခွဲက ဆိုင်ကယ်နှင့် ကားမျက်နှာချင်းဆိုင် တိုက်မိ၍ လူသုံးဦးသေဆုံးခဲ့ကြောင်းသတင်း ရသဖြင့် ဝင်းဝနယ်မြေရဲစခန်းမှ ဒုရဲအုပ် ထွန်းမင်းသွားရောက် စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာမြိတ် - ထားဝယ် ကားလမ်းမိုင်တိုင်အမှတ် (၅၀/၄)နှင့်( ၅၀/၅)အကြား၌ ထားဝယ်မှ မြိတ်ဘက်သို့ ယာဉ်မောင်းစောပီလီ (၃၅နှစ်)သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာနေသူ မောင်းနှင်ပြီးနောက်တွင် ညီမဖြစ်သူနော်တာမူးမူး(၁၃နှစ်) (၈)တန်းကျောင်းသူ၊သမီးဖြစ်သူနော်ဘာဘာ(၉နှစ်)(၂)တန်းတို့ လိုက်ပါသော ၅၉ယ/……..Honda Dream 125 ဆိုင်ကယ်သည် မြိတ်မှ ထားဝယ်ဘက်သို့ ယာဉ်မောင်းဇင်သုနိုင်(၂၂နှစ်) သရက်ချောင်းမြို့နယ် ကမြိုင်ကျေးရွာနေသူမောင်းနှင်လာသည့် ခရီးသည်များတင်ဆောင်လာသော TNI5L/…..Toyota Commmter (နေနဲ့လယာဉ်လိုင်း)ကားနှင့် မျက်နှာချင်းဆိုင် တိုက်မိရာစောပီလီ(၃၅နှစ်)၊ နော်တာမူးမူး(၁၃နှစ်)နှင့် နော်ဘာဘာ (၉နှစ်)တို့သည် အခင်းဖြစ်နေရာတွင် (၃)ဦးစလုံးသေဆုံးသွား ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်းသော ယာဉ်မောင်းနှစ်ဦးအားဝင်းဝနယ်မြေရဲစခန်းကအမှုဖွင့်အရေးယူထားကြောင်းသိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိုင်ကယ်နှင့် ကား မျက်နှာချင်းဆိုင်တိုက် သုံးဦးသေဆုံး ဆိုင်ကယ်နှင့် ကား မျက်နှာချင်းဆိုင်တိုက် သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.