ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းမှု ဒီကနေ့လွှတ်တော်မှာ ဆုံးဖြတ်မယ်


ပြည်ထောင်စုလွှတ်တော် နာယကက ဖွဲ့စည်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ရယူမှာ ဖြစ်ပါတယ်။

ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦး နဲ့ ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကော်မတီအဖွဲ့ဝင် ၄၅ မှာ NLD ပါတီ ကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်သား အစုအဖွဲ့ ကိုယ်စားလှယ် ၈ ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ၂ ဦးနဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၁ ဦး စီနဲ့ တစ်သီးပုဂ္ဂလ ၁ ဦးတို့ ပါဝင်ပါတယ်။

ကော်မတီဥက္ကဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယ ဥက္ကဌအဖြစ် ဦးအေးသာအောင်၊ အတွင်းရေးမှုးအဖြစ် ဒေါက်တာ မြတ်ဉာဏစိုးနဲ့ တွဲဖက်အတွင်းအရေးမှုးအဖြစ် ဦးပြုံးချို (ခေါ်) ဦးဌေးဝင်းအောင်တို့က တာဝန်ယူထားတယ်။

လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီ ၁၄ ခု ထဲက ၁၂ ပါတီက ပူးပေါင်းကော်မတီထဲ ပါဝင်မယ့် ကိုယ်စားလှယ်ရဲ့ အမည်စာရင်း ပေးထားပြီး ဖြစ်ပေမယ့် ကြံ့ခိုင်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားလှယ်အမည်စာရင်းကိုတော့ ပေးထားတာ မရှိသေးပါဘူး

ပူးပေါင်းကော်မတီရဲ့ တာဝန်တွေထဲမှာ ဒီမိုကရေစီ စံနှုန်းများနဲ့ မညီညွတ်တဲ့ ပြဌာန်းချက်တွေ၊ ရှေ့နောက် ညီညွတ်မှု မရှိတဲ့ ပြဌါန်းချက်တွေ၊ ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေး အာဏာသုံးရပ်ကို တဖက်စောင်းနင်းဖြစ်စေတဲ့ ပြဌာန်းချက်တွေကို လေ့လာသုံးသပ်ရမယ်လို့ ဖော်ပြပါရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းမှု ဒီကနေ့လွှတ်တော်မှာ ဆုံးဖြတ်မယ် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းမှု ဒီကနေ့လွှတ်တော်မှာ ဆုံးဖြတ်မယ် Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.