![]() |
တပ်မတော်နဲ့ အေအေတိုက်ပွဲတွေကြောင့် ရွာထဲကို ကျလာတဲ့ ကျည်ဆံခွံများ |
ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ခမောင်းဝနဲ့ ကက်သလင်းကျေးရွာတွေက ထွက်ပြေးခိုလှုံသူဦးရေ ၁၈၂ ယောက်ထဲမှာ ကလေး အယောက် ၅၀ လောက်ပါပြီး ကလေးငယ်တချို့ကတော့ ဖျားနာနေကြတယ်လို့ အဲ့ဒီဒေသမှာ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသူ ဦးဝင်းသိန်းက ပြောပါတယ်။
ထွက်ပြေးလာကြသူတွေရဲ့ စားဝတ်နေရေးကိုတော့ ဘင်္ဂလားဒေ့ရှ် ဒေသခံတွေက စုပေါင်းဖြေရှင်းပေးနေရတယ်လို့ ရုံမော် ပရဟိတဆရာတော် အရှင်တေစိန္တက ပြောပါတယ်။
မြန်မာဘက်က ဝင်လာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ဒက္ကားမြို့မှာရှိတဲ့ UNHCR နဲ့ မြန်မာသံရုံးကိုလည်း အကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိုးကီယား နယူးစ်သတင်းမှာတော့ အခု ဝင်ရောက်လာသူတွေဟာ စစ်တကောင်းတောင်တန်းဒေသ တောင်ဘက် ဘင်ဒရိုင်ဘင်ခရိုင်၊ ရုံမော်မြို့နယ်၊ အမှတ် (၇) ရမ္မက်ကြီးနယ်မြေ စော်ချိုင်ဘုမ်ရွာကို ဝင်ရောက်လာကြတာလို့ ဖော်ပြထားပါတယ်။
BBC Burmese
https://www.bbc.com/burmese
တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ခမီလူမျိုးတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး
Reviewed by THITHTOOLWIN
on
12:05
Rating:
