မြန်မာ့အထည်လုပ်ငန်း ဗြိတိန် ပါဝင်မြှုပ်နှံ

ပိုးချည်တွေကို တွေ့ရစဉ်
မြန်မာနိုင်ငံမှာ ထုတ်လုပ်မယ့် ပိုးထည်နဲ့ အော်ဂဲနစ် ချည်ထည်လုပ်ငန်းတွေမှာ မြန်မာကုမ္ပဏီနဲ့ ပူးတွဲရင်းနှီးမြှုပ်နှံဖို့ အမေရိကန် ဒေါ်လာ ၁.၄သန်း ရင်းနှီးသွားမယ်လို့ ဗြိတိသျှအစိုးရ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် DFID ကြေညာပါတယ်။

DFID ဟာ Pragma ventures, Sense Organics နဲ့ ဓန Facility တို့နဲ့ ပူးတွဲပြီး ၂နှစ်ကြာ ရင်းနှီးမြှုပ်နှံ မှာဖြစ်ပါတယ်။

ပိုးထည်လုပ်ငန်းကို ဓနကုမ္ပဏီဟာ Pragma ventures နဲ့ပူးတွဲပြီး ချင်းပြည်နယ်နဲ့ ရန်ကုန်မြို့တွေမှာ ဆောင်ရွက်မှာဖြစ်ပြီး ဥရောပ၊ မြောက်အမေရိကနဲ့ သြစတြေးလျဈေးကွက်ကို တင်ပို့မှာဖြစ်ပါတယ်။

အလားတူ အော်ဂဲနစ် ချည်ထည်ထုတ်လုပ်မှုအတွက် ဓနဟာ Pure Sense organic နဲ့ GMO ကင်းတဲ့ အဆင့်မှီချည်ထည်များ ပူးတွဲထုတ်လုပ်မှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ