![]() |
အသတ်ခံရသူတွေဟာ မောင်တောမြို့နယ် မြောက်ပိုင်း အထက် သင်္ဘောလှ ကျေးရွာက ဖြစ်ပါတယ် |
အဲဒီရွာသား ၃ ဦးဟာ ဖေဖေါ်ဝါရီလ ၁၅ ရက် သောကြာနေ့က က ငါးရှာဖို့ သွားရောက်ရာ ကနေ ပျောက်နေခဲ့တာ ဖြစ်ပြီး ညဥ့် အချိန်ထိ အိမ်ပြန် မရောက်တဲ့ အတွက် စနေနေ့ မနက်မှာ လိုက်လံရှာဖွေရာ ရွာကနေ ၂ မိုင် အကွာလောက်မှာ အလောင်းတွေကို မြေကျင်း တခုတည်းမှာ ဒဏ်ရာတွေနဲ့ အတူ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီလို ရှာဖွေ တွေ့ရှိခဲ့တာကို ဒေသခံ ရွာသား တစ်ဦး ဖြစ်သူ ဦးမောင်ဝင်းလှိုင် က အာဆာ အဖွဲ့က သတ်တာလို့ ယူဆရကြောင်း ပြောပါတယ်။
အသတ် ခံခဲ့ရသူ များမှာ အထက် သင်္ဘောလှ ကျေးရွာမှ ဦးလှထွန်းမောင် (၃၈) နှစ်၊ ဦးထွန်း (၄၀) နဲ့ ဦးမောင်ထွန်းစိန် (၄၀) နှစ်တို့ ဖြစ်ကြ ပါတယ်။
ဒီလို ဒိုင်းနက် တိုင်းရင်းသား ၃ ဦး အသတ်ခံရပြီး တွင်းတတွင်း ကနေ အတူ ရှာဖွေတွေ့ရှိရတာကို မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော် ကလည်း အတည်ပြု ပြောကြားပါတယ်။
ခုလို တိုင်းရင်းသား လူနည်းစု တွေ မောင်တောမြို့နယ်မှာ အသတ်ခံနေရတဲ့ အတွက် တရား ဥပဒေ စိုးမိုးရေးဟာ အဲဒီ ဒေသမှာ အသက် မဝင်သေးဘူး လို့လည်း ဦးလှထွန်းကျော် က ပြောပါတယ်။
![]() |
ဘင်္ဂလားဒေ့ရှ် မှာ သက်လူမျိုးတွေရဲ့ နေအိမ် ဆိုင်ခန်းတွေ မီးရှိ့ ခံရ |
ဒီဒေသမှာ လူနည်းစု တိုင်းရင်းသားတွေ မကြာခဏ အသတ်ခံ နေရပေမယ့် လက်သည် တရားခံကို ဖော်ထုတ် ဖမ်းဆီး နိုင်တာလည်း တခါမှ မရှိတဲ့ အတွက် ဒေသခံ အများစု ကတော့ သူတို့ရဲ့ လုံခြုံရေး အပေါ် အထူး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
BBC Burmese
https://www.bbc.com/burmese
ဒိုင်းနက်လူမျိုး ၃ ဦးရဲ့ အလောင်းတွေကို ဒဏ်ရာတွေနဲ့အတူ မြှုပ်ထားတာ တွေ့ရှိ
Reviewed by THITHTOOLWIN
on
07:26
Rating:
