![]() |
ပူးတွဲ တရားခံ အောင်ဝင်းဇော်ကို စီရင်ချက် မချမီ ရုံးထုတ်လာစဉ် |
ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ နှစ်နှစ်ကြာ စစ်ဆေးခဲ့အပြီးမှာ သေနတ်သမား ကြည်လင်းနဲ့ အတူ ပူးတွဲ တရားခံတွေကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှာ မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တာပါ။
ဦးကိုနီကို သေနတ်နဲ့ ပစ်ခဲ့တဲ့ အချိန်တုန်းက ကြည်လင်းဟာ အောင်ဇော်ဝင်းဆီကနေ သေနတ်ယူပြီး ပစ်ခဲ့တာ မဟုတ်သလို ဦးကိုနီကို သတ်ဖို့ အောင်ဇော်ဝင်းက ကြိုတင် ကြံစည်ထားတယ် ဆိုတဲ့ အချက်ကိုလည်း တရားလိုဘက်က မတင်ပြနိုင်ခဲ့ဘူးလို့ ဦးအောင်ခိုင်က ပြောပါတယ်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ အောင်ဝင်းဇော် ပါတယ် ဆိုတာကို တရားလိုဘက်က သက်သေ အခိုင်အမာ မပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
အခင်းဖြစ်ခဲ့တဲ့ လူအများရှိရာ လေဆိပ်မှာ ကြည်လင်းရော အောင်ဝင်းဇော်ပါ ရောက်နေတယ် ဆိုတာကို တွေ့ရုံလေးနဲ့ ဒီလောက် ကြီးတဲ့ ပြစ်ဒဏ်ကြီး ပေးတာတော့ များလွန်းကြောင်းနဲ့ အဲဒီတုန်းက အောင်ဝင်းဇော်ဟာ ထိုင်းနိုင်ငံ လေယာဉ်မှူး ပိုင်းလော့ သင်တန်း တက်နေတဲ့ သားဖြစ်သူ သင်တန်း ပြီးရင် မြန်မာ့လေကြောင်းမှာ အလုပ်ရဖို့အတွက် လေဆိပ်ကို သွားရောက်ခဲ့တာ ဖြစ်ကြောင်း သူက ပြောပါတယ်။
အဲဒီနေ့က လေဆိပ်မှာ အဝင်အထွက် လုပ်တာဟာ ဆေးလိပ် ထွက်သောက်ခဲ့တာလို့လည်း ဆိုပါတယ်။
အောင်ဝင်းဇော်နဲ့ ကြည်လင်းတို့ လက်နက် ဝယ်ဖို့ ဘားအံဘက် သွားတယ်လို့ သမ္မတရုံးက သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပေမယ့် အဲဒီတုန်းက အောင်ဝင်းဇော်နဲ့ ကြည်လင်းတို့ ဘယ်မှာ တည်းတယ်၊ ဘာဝယ်တယ် ဆိုတာ မထုတ်ပြန်ခဲ့တဲ့အတွက် တရားရုံးက အောင်ဝင်းဇော် အပေါ် စွဲထားတဲ့ လက်နက် ဥပဒေကနေ တရားရှင် လွှတ်ခဲ့တယ်လို့ ဦးအောင်ခိုင်က ပြောပါတယ်။
![]() |
ဦးကိုနီကို လုပ်ကြံခဲ့မှုနဲ့ သေနတ်သမား ကြည်လင်း၊ ပူးတွဲ တရားခံ အောင်ဝင်းဇော်တို့ကို တရားရုံးက သေဒဏ် ချမှတ်ခဲ့ |
ဒါပေမယ့် မြင့်ဆွေ ဘယ်သူလဲဆိုတာကတော့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
တရားခံပြေး အောင်ဝင်းခိုင်ဟာ နေပြည်တော် ရေပန်းဥယျာဉ်နား ပျောက်သွားချိန် ကတည်းက အခုချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese
ဦးကိုနီကို လုပ်ကြံမှု ပူးတွဲ တရားခံ အောင်ဝင်းဇော် သေဒဏ် ကျခံရတာအပေါ် တရားခံရှေ့နေ ဘယ်လို တုံပြန်သလဲ
Reviewed by THITHTOOLWIN
on
00:25
Rating:
