AA, ARSA ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်


 မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်- မနေ့မနက် ၂ နာရီခွဲလောက်က AA နဲ့ ARSA ပူးပေါင်းအဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့အကြား တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ခမောင်းဆိပ်-ကြိမ်ချောင်းသွား ကားလမ်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တပ်စိတ်တစိတ် ကင်းပုန်းဝပ်နေချိန်မှာ AA နဲ့ ARSA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအင်အား ၃ဝ လောက်နဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ တပ်မတော်စစ်ကူ ရောက်လာတဲ့အတွက် သောင်းကျန်းသူတွေ ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အဲဒီနေ့က AA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတခါမှ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

Photo: ရဲဇာနည်/ FB
RFA Burmese
https://www.facebook.com/rfaburmese
AA, ARSA ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် AA, ARSA ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 08:55 Rating: 5
Powered by Blogger.