ထိုင်းက အာဏာဖီဆန်တဲ့ အမျိုးသမီးရဟန်းခံပွဲ

ဆံချတဲ့အချိန်
ထိုင်းနိုင်ငံမှာ ၁၉၂၈ ခုနှစ်က ထုတ်တဲ့ ဥပဒေအရ အမျိုးသမီးတွေ ရဟန်းပြုခွင့် မရှိပါဘူး။

ဒါပေမဲ့ အာဏာဖီဆန်တဲ့ အမျိုးသမီးတစုကတော့ အစိုးရ အသိအမှတ်မပြုတဲ့ အမျိုးသမီး ဘုန်းကြီးကျောင်းတကျောင်းမှာ စုပြီး ဗုဒ္ဓဘာသာ ထုံးစံအရ ရဟန်းခံခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်း နခုံပထုံ ခရိုင်က ဆောင်ဓမ္မကလျာဏီ ကျောင်းမှာပါ။ ဒီကျောင်းကို ၁၉၆ဝ က တည်ထောင်ခဲ့ပြီး သီဟိုဠ်ကနေ ပထမဆုံး ရဟန်းခံပြီး ပြန်လာတဲ့ ထိုင်း ဘိက္ခုနီတပါးက ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကျောင်းမှာပဲ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ရဟန်းခံပွဲကို ၂ဝဝ၂ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။
ကြာပန်းကိုယ်စီကိုင်
 ဆွေမျိုးမိဘတွေ အကန်တော့ခံ
ဆံစကိုဖြတ်
ဆံစကို ကြာဖက်နဲ့ခံ
နံရံပန်းချီက ဘိက္ခုနီပုံ
အမျိုးသမီး ပဉ္စင်းလောင်းတွေ သိမ်မဝင်ခင်
သင်္ကန်းတောင်းကြတော့မယ့်အချိန်
ဝပ်တွားကြည်ညို
 ပြုသစ်စ ရဟန်းမများ
မနက်ဆွမ်းခံကြွချိန်
ရဟန်းကထွက်ပြီး သင်္ကန်းပြန်အပ် 
BBC Burmese
https://www.bbc.com/burmese
ထိုင်းက အာဏာဖီဆန်တဲ့ အမျိုးသမီးရဟန်းခံပွဲ ထိုင်းက အာဏာဖီဆန်တဲ့ အမျိုးသမီးရဟန်းခံပွဲ Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.