ဂျပန်နိုင်ငံ၌ နှစ်သစ်ကူးလေလံပွဲတွင် တူနာငါးကြီးတစ်ကောင်ကို ဒေါ်လာ ၃ သန်းကျော်ဖြင့် စံချိန်တင်ရောင်းချ
![]() |
ဂျပန်နိုင်ငံ၌ ဒေါ်လာ ၃ သန်းကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော တူနာငါးကြီးအားတွေ့ ရစဉ်(ဆင်ဟွာ) |
ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ တိုယိုဆု(Toyosu) ငါးဈေးတွင် ပထမဆုံးနှစ်သစ်လေးလံပွဲ၌ အပြာရောင်ကြေးခွံတူနာငါးကြီးတစ်ကောင်ကို ဂျပန်ယန်း ၃၃၃.၆ သန်း ( အမေရိကန်ဒေါ်လာ ၃.၁ သန်း) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဂျပန်မီဒီယာကဖော်ပြခဲ့သည်။
အွန်မိုရီ(Aomori)စီရင်စု အိုမာ(Oma) ၌ အလေးချိန် ၂၇၈ ကီလိုဂရမ်ရှိသော တူနာငါးကြီးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၄င်းငါးကို တစ်ကီလိုဂရမ်လျင် ဂျပန်ယန်းငွေ ၁.၂ သန်း ( အမေရိကန်ဒေါ်လာ ၁၁,ဝ၅၇ ) ဖြင့် ဈေးနှုန်းသတ်မှတ်၍ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ် နှစ်သစ်လေလံပွဲတွင် အရောင်းဝယ်ဖြစ်ခဲ့သော အမြင့်ဆုံးလေလံဈေးသည် ၁၉၉၉ ခုနှစ်ကတည်းက တင်ထားခဲ့သော အမြင့်ဆုံးတူနာငါးဈေးနှုန်း စံချိန်ကို ရိုက်ချိုးခဲ့ခြင်းလည်း ဖြစ်သည်။
![]() |
ဂျပန်နိုင်ငံ၌ လေလံတင်ရောင်းချထားသော တူနာငါးများအားတွေ့ ရစဉ်(ဆင်ဟွာ) |
ယခုနှစ် တူနာငါးလေလံပွဲတွင် တိုကျိုမြို့ အခြေစိုက် Sushizanmai ဆူရှီစားသောက်ဆိုင်က အမြင့်ဆုံးဈေးနှုန်းဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။
၂ဝ၁၈ ခုနှစ်က Tsukiji ငါးဈေး၌ ပြုလုပ်ခဲ့သော တူနာငါးလေလံပွဲတွင် တူနာငါးကြီးတစ်ကောင်ကို ဂျပန်ယန်း ၃၆.၄၅ သန်း(အမေရိကန်ဒေါ်လာ ၃၃၅,၈၅၂) ဖြင့် အမြင့်ဆုံးဈေးပေးကာ အရောင်းအဝယ်ဖြစ်ခဲ့သည်။
တိုကျိုမြို့ တော်အုပ်ချုပ်ရေးအဖွဲ့ သည် ၂ဝဝ၁ ခုနှစ်တွင် Tsukiji ငါးဈေးကို တိုယိုဆုသို့ ပြောင်းရွှေ့ ရန် စီစဉ်ခဲ့ပြီး တိုကျိုမြို့ ၏ ကမ္ဘာလှည့်ခရီးသွား စွဲဆောင်သည့်နေရာတစ်ခုဖြစ်အောင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
ဂျပန်နိုင်ငံ၌ နှစ်သစ်ကူးလေလံပွဲတွင် တူနာငါးကြီးတစ်ကောင်ကို ဒေါ်လာ ၃ သန်းကျော်ဖြင့် စံချိန်တင်ရောင်းချ
Reviewed by THITHTOOLWIN
on
23:15
Rating:
