ရုရှားနိုင်ငံ၌ ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားစဉ်တွင် သေဆုံးသူ ၃၁ ဦးထိ မြင့်တက်လာ

ရုရှားနိုင်ငံ၌ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားအဆောက်အဦအားတွေ့ ရစဉ်(ဆင်ဟွာ)
 မော်စကို ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

    ရုရှားနိုင်ငံ၌ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက အထပ်မြင့်တိုက်တစ်လုံးတွင် ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကလေးငယ် ၄ ဦးအပါအဝင် သေဆုံးသူ ၃၁ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ရုရှားနိုင်ငံအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

Chelyabinsk ဒေသ ၊ မက်နီတိုဂရော့မြို့ (Magnitogorsk) ရှိ အထပ် ၁ဝ ထပ်ပါ အဆာက်အဦတစ်လုံး၏ အပျက်အစီးပုံများကြားတွင် ရုပ်အလောင်း ၃၁ လောင်းကို ရှာဖွေတွေ့ ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အပျက်အစီးပုံအောက်တွင် နောက်ထပ် လူ ၁ဝ ဦးပိတ်မိနေဖွယ်ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့ ဝင်များက ယူဆထားသည်။
ရုရှားနိုင်ငံ၌ ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားသော အဆောက်အဦတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)
ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဇန်နဝါရီ ၂ ရက်နေ့ ကို Chelyabinsk ဒေသ၏ ဝမ်းနည်းဖွယ်နေ့ အဖြစ် ကြေညာခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရုရှားနိုင်ငံ၌ ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားစဉ်တွင် သေဆုံးသူ ၃၁ ဦးထိ မြင့်တက်လာ ရုရှားနိုင်ငံ၌ ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားစဉ်တွင် သေဆုံးသူ ၃၁ ဦးထိ မြင့်တက်လာ Reviewed by THITHTOOLWIN on 12:10 Rating: 5
Powered by Blogger.