မုံရွာမြို့ မြို့သစ်ရပ်ကွက် ပိုလာဖီးအထည်ဆိုင် လွတ်လပ်ရေးနေ့ညက မီးလောင်ကျွမ်


မုံရွာ ဇန်န၀ါရီ ၅

မီးအားမြှင့်စက် အပူလွန်ကဲရှော့ဖြစ်ရာမှ ပိုလာဖီးအထည်ဆိုင်နှင့် အဆောက်အဦး မီးလောင်ကျွမ်းမှု ဇန်နဝါရီလ ၄ (လွတ်လပ်ရေးနေ့)ည ၉နာရီခွဲခန့်က မုံရွာမြို့ မြို့သစ်ရပ်တွင် ဖြစ်ပွားခဲ့သည်။

မုံရွာမြို့မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်း ယူကလစ်လမ်းနှင့်စိန်ပန်းလမ်းကြားရှိ ဆင်ဖြူတော်(၂) ပိုလာဖီးအထည်ဆိုင်တွင်ဖြစ်ပွားရာ ပေ၃၀×ပေ၄၀သွပ်မိုးသွပ်ကာ ပျဉ်ခင်းအဆောက်အဦးနှင့် ပေ ၄၀×ပေ၁၄၀ သွပ်မိုးသွပ်ကာအဆောက်အအုံ ပိုလာဖီးအထည်ဖြတ်စများ အင်ဂျငိဝိုင် အဟောင်းများ တီဗွီရေခဲသေတ္တာ မီးအားမြှင့်စက် အိမ်သုံးမီတာနှင့် ပိုလာဖီးအထည်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မုံရွာခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။


မီးလောင်ရာသို့ စစ်ကိုင်းတိုင်းမီးသတ်ရုံးမှ မီးငြှိမ်းသတ်ယာဉ် ၃စီး အပါအဝင် ရပ်ကွက်ကျေးရွာများမှ မီးငြိမ်းသတ်ယာဉ် ၁၄စီး ရေသယ်ယာဉ် ၁၀ စီးတို့ကို အသုံးပြု၍မီးသတ် တပ်ဖွဲ့ဝင်တစ်ရာ ကျော်နှင့် ရဲတပ်ဖွဲ့ ပြည်သူများစုပေါင်းငြိမ်းသတ်ရာည ၉နာရီခွဲက စတင်လောင်သော မီးသည်ည ၁၀နာရီ ခွဲတွင် လုံးဝငြိမ်းသွားခဲ့ကြောင်း မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။

မီးလောင်ရာသို့ စစ်ကိုင်းတိုင်းအစိုးရဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်ဝန်ကြီးများ လာရောက်အနီးကပ် လမ်းညွှန်မှုဖြင့် တိုင်းခရိုင်မြို့နယ်အဆင့် မီးသတ်ဦးစီးမှုးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်း သတ်ခဲ့ကြခြင်း ဖြစ်သည်။

မီးပေါ့ဆစွာအသုံးပြုသူဦးကျော်မြတ်မင်းကို မုံရွာမြို့မရဲစခန်းက(ပ)၁၉/၂၀၁၉ ပုဒ် မ၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းထွန်း မုံရွာ
The Mirror Daily
https://www.facebook.com/TheMirrorDaily
မုံရွာမြို့ မြို့သစ်ရပ်ကွက် ပိုလာဖီးအထည်ဆိုင် လွတ်လပ်ရေးနေ့ညက မီးလောင်ကျွမ် မုံရွာမြို့ မြို့သစ်ရပ်ကွက် ပိုလာဖီးအထည်ဆိုင် လွတ်လပ်ရေးနေ့ညက မီးလောင်ကျွမ် Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.