မောင်တောမြို့နယ်တွင် လက်နက်ကြီးကျ၍ ကလေးနှစ်ဦးဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်


မောင်တော၊ ဇန်နဝါရီ ၁၆၊ ၂၀၁၉။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်မြင်ဆိုသည့်ကျေးရွာတွင် ယနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျ၍ ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရသွားပြီး နေအိမ်တစ်လုံး မီးလောင်သွားကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲခန့်က ရန်အောင်မြင်ကျေးရွာ၏ မြောက်ဘက်မှ သေနတ်သံ ၈ ချက်ခန့်ကြားပြီးနောက် ရွာအပြင်ဘက်တွင်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"လက်နက်ကြီးကျလို့ ရွာပြင်ဘက်ကအိမ်တစ်လုံး မီးလောင်သွားတယ်။ လက်နက်ကြီးအသံကတော့ နှစ်ချက်ကြားလိုက်ရပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။


ဒဏ်ရာရသွားသည့်ကလေးများမှာ အဆိုပါကျေးရွာနေ ဦးထွေးမောင်နှင့် ဒေါ်နေသာမေတို့သား မောင် ကျော်လှ(၁၈ နှစ်)နှင့် မောင်ကျော်နိုင် (၁၂)တို့ ညီအစ်ကိုဖြစ်ပြီး အစ်ကိုဖြစ်သူ မောင်ကျော်လှတွင် ဦးခေါင်းနှင့် လက်တို့၌ ဒဏ်ရာရသွားပြီး ညီဖြစ်သူ မောင်ကျော်နိုင်တွင် ဘက်ဘက်နို့အုံ၌ ဒဏ်ရာရသွားခြင်းဖြစ်သည်။

လက်ရှိတွင် ၄င်းတို့နှစ်ဦးသည် မောင်တောမြို့နယ်ဆေးရုံတွင် ဆေးကုသခံယူနေရပြီး လက်နက်ကြီးပစ်သည့်အဖွဲ့ကို မသိရသေးကြောင်း ရွာသားများက ပြောသည်။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
မောင်တောမြို့နယ်တွင် လက်နက်ကြီးကျ၍ ကလေးနှစ်ဦးဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင် မောင်တောမြို့နယ်တွင် လက်နက်ကြီးကျ၍ ကလေးနှစ်ဦးဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင် Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.