ကျောက်ဆင်းတုတော် ၂၆ ဆူ နှင့် ဘုရားခေါင်း ၂ ဆူ ခိုးယူခံရမှုဖြစ်ပွား


ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ပဒတ္ထိုင်းးကျေးရွာ ရွှေစေတီဘုန်းကြီးကျောင်း ရွှေလိုဏ်ဂူဓမ္မာရုံ၌ ပူဇော်ထားရှိသည့် ကျောက်ဆင်းတုတော် ၂၆ ဆူ နှင့် ဘုရားခေါင်း ၂ ဆူ ခိုးယူခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းအချိန်က ဒေါ်သန်းဌေး (၇၅) နှစ်သည် နေ့စဉ်သွားရောက်ဖူးမြှော်နေကျဖြစ်သည့် ရွှေစေတီဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရွှေလိုဏ်ဂူဓမ္မာရုံအတွင်းသို့ ရောက်ရှိခဲ့ရာ ယင်းဓမ္မာရုံအတွင်း ပူဇော်ထားရှိသည့် ကျောက်ဆင်းတုတော် များ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသည့်အတွက် ကျောင်းထိုင်ဆရာတော် ဦးလက္ခဏသို့ သွားရောက်လျောက်ထားခဲ့ကြောင်း သိရသည်။


ရွှေလိုဏ်ဂူဓမ္မာရုံအတွင်း အလွတ်အပူဇော်ခံ ထားရှိသည့် ဥာဏ်တော် (၁)ပေခန့်ရှိ စကျင်ကျောက်ဆင်းတုတော် ၂၃ ဆူ၊ရွှေသင်္ကန်းကပ်လှူထားသော ဥာဏ်တော် (၂)ပေခန့်ရှိ ကျောက်ဆင်းတုတော် (၃)ဆူ၊ ချမ်းသာကြီးစေတီလှိုဏ်ဂူအတွင်း ဥာဏ်တော်နှစ်ပေခန့်ရှိ ကျောက်ဆင်းတုတော်၏ ဦးခေါင်းတော်တစ်ဆူ၊ ဓမ္မာရုံအနောက်မြောက်ဘက် ပေ ၃၀ အကွာ ချမ်းသာကြီးစေတီလှိုဏ်ဂူအတွင်း ဥာဏ်တော် နှစ်ပေခန့်ရှိ ကျောက်ဆင်းတုတော်၏ ဦးခေါင်းတော် တစ်ဆူ၊ စုစုပေါင်း ကျောက်ဆင်းတုတော် ၂၆ဆူ နှင့် ဘုရားဦးခေါင်းတော် နှစ်ဆူ ကာလတန်ဖိုး( ၄၆၅၀၀၀၀) ခန့်ပျောက်ဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဘုရားဆင်းတုတော်များခိုးယူသွားသူများအားဖမ်းဆီးရမိနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေါ်မှူး က တရားလိုပြုလုပ်ကာ တောချောင်းဦးစခန်းတွင် (ပ)၃/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် မန္တလေးမြို့ အမရပူရမြို့နယ် ကြည့်မြင်တိုင်ကျေးရွာအုပ်စု ဒုတ်ရဲကျေးရွာ ရတနာဒီပံ ဘုန်းကြီးကျောင်းဝင်း ရွှေမြင်တော်ဘုရား ပရိဝုဏ်အတွင်း လေးမျက်နာစေတီမှ ရှေးဟောင်းဘုရား (၂) ဆူလည်း ခိုးယူခံရမှု ဖြစ်ပွားခဲ့သည် ။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
ကျောက်ဆင်းတုတော် ၂၆ ဆူ နှင့် ဘုရားခေါင်း ၂ ဆူ ခိုးယူခံရမှုဖြစ်ပွား ကျောက်ဆင်းတုတော် ၂၆ ဆူ နှင့် ဘုရားခေါင်း ၂ ဆူ ခိုးယူခံရမှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:37 Rating: 5
Powered by Blogger.