အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တွင် ကလေးငယ် ၃ဦး ရေခဲသေတ္တာထဲ မတော်တဆပိတ်မိ သေဆုံး

ကလေးငယ် ၃ဦး ပိတ်မိသေဆုံးခဲ့သည့် ရေခဲသေတ္တာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
ဝါရှင်တန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ ပလပ်ဖြုတ်ထားသည့် ရေခဲသေတ္တာတစ်ခုအတွင်း၌ ကလေးငယ် ၃ဦး မတော်တဆ ပိတ်မိခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၅ရက်တွင်ပြောကြားခဲ့သည်။

ကလေးငယ်များသည် အသက် တစ်နှစ်၊ ၄နှစ် နှင့် ၆နှစ်အရွယ်များဖြစ်ကြောင်း သိရသည်။

ကနဦး စုံစမ်းစစ်ဆေးချက်အရ ဇန်နဝါရီ ၁၄ရက် ညနေပိုင်းတွင် ကလေးငယ်များသည် အိမ်အပြင်ဘက်၌ ကစားနေစဉ် ခြံဝန်းအတွင်းထားရှိသည့် သုံးပေအမြင့်ရှိသော ရေခဲသေတ္တာတစ်ခုထဲသို့ ဝင်ရောက်ခဲ့ကြောင်း Suwannee စီရင်စုရဲတပ်ဖွဲ့ က ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

အသက်၎နှစ်အရွယ် ကလေးငယ်၏ မိခင်သည် အပြင်ဘက်၌ ကလေးငယ်များအား စောင့်ကြည့်နေခဲ့ပြီး နောက် ရေချိုးရန်ထွက်သွားခဲ့ကြောင်း နှင့် ၎င်း ပြန်ရောက်လာချိန်တွင် ကလေးငယ်များအား မတွေ့ရှိတော့ကြောင်း NBC သတင်းဌာနကဖော်ပြခဲ့သည်။

မိခင်ဖြစ်သူ သည် အခြားကလေးငယ် ၂ဦး၏ အဘွားဖြစ်သူအား နိုး၍ နေအိမ် အနီးအနား နှင့် ဘေးအိမ်အလွတ်တို့တွင် စတင်ရှာဖွေခဲ့ပြီးနောက် ရေခဲသေတ္တာအား စစ်ဆေးခဲ့ကြောင်း မိခင်က ရဲအရာရှိအားပြောကြားခဲ့သည်။

ရဲဌာန က ကလေးငယ်များ၏ မိခင် နှင့် အဘွားတို့သည် ရေခဲသေတ္တာ ဖွင့်လိုက်ချိန်တွင် ကလေးငယ် ၃ဦးကို တွေ့ရှိခဲ့ကြောင်း၊ သို့သော် အသက်မရှူတော့ကြောင်း နှင့် ရှေးဦးသူနာပြုနည်းများဖြင့် ကြိုးစားပြုစုပြီးနောက် ၉၁၁အား ဖုန်းဆက်ခဲ့ကြောင်း ဖေ့စ်ဘုတ်စာမျက်နှာ၌ရေးသားခဲ့သည်။

ရဲဌာနက အဆိုပါ မိသားစုသည် ရေခဲသေတ္တာအား လော့ခ်ချထားခြင်းမရှိကြောင်းပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တွင် ကလေးငယ် ၃ဦး ရေခဲသေတ္တာထဲ မတော်တဆပိတ်မိ သေဆုံး အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တွင် ကလေးငယ် ၃ဦး ရေခဲသေတ္တာထဲ မတော်တဆပိတ်မိ သေဆုံး Reviewed by THITHTOOLWIN on 14:29 Rating: 5
Powered by Blogger.