ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာ မီးလောင်မူကြောင့် လူဦးရေ(၆၀၀) မီးဘေးသင့်


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့ ၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာက
မီးလောင်မှုကြောင့် နေအိမ် (၁၆၀)ကျော် မီးလောင်ဆုံရှုံးခဲ့ပြီး လူဦးရေအယောက်(၆၀၀) အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်​။

 ဇန်​နဝါရီ(၃)ရက်​ နေ့လယ်(၂)နာရီ(၅)မိနစ်က မီးလောင်မှုဖြစ်ပွားတဲ့နေအိမ်က အမျိုးသမီးဟာအလုပ်​သွား​ရောက်​လုပ်​ကိုင်​​နေစဉ်​ နေအိမ်မီးဖို​ချောင်​ မီးကြွင်းမီးကျန်​ကနေ စတင်လောင်ကျွမ်း ခဲ့တာဖြစ်ပါတယ်။

မီး​လောင်​ရာနေရာကို ကျေးရွာသူ/သား အယောက် (၃၀၀)​ကျော်​၊ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​(၁၅)ဦးတို့က ​ရေစုပ်​စက်​(၈)လုံးတို့နဲ့ ငြှိမ်းသတ်​ခဲ့ပြီး ညနေ(၃)နာရီ မိနစ်(၂၀)မှာ မီးငြိမ်းခဲ့​ကာ ည​နေပိုင်းအထိမီးကြွင်းမီးကျန်​တွေကို ဆက်​လက်​ငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။

 မီး​လောင်​တဲ့အထဲမှာ ​ရေလုပ်​ငန်း ​ရေစင်​​တွေ၊ ကုန်​စုံဆိုင်​​တွေ အပြင် အိမ်မွေးတိရစ္ဆာန်အချို့လည်း ပါသွားတယ်လို ​ချောင်းဝကျေးရွာ​နေ ကိုနိုင်​ဝင်းထွန်းကပြောပါတယ်​။

 မီးလောင်မှုကြောင့် ပျဉ်​​ထောင်​အိမ်​ (၂၅)လုံး၊အုတ်​ကာ အုတ်​ခင်း(၂)ထပ်​တိုက်​(၉)လုံး၊ ဓနိမိုးဓနိကာဝါးခင်း​နေအိမ်​ (၁၃၃)လုံး၊ စုစု​ပေါင်း​နေအိမ်​(၁၆၇)လုံးမီး​လောင်​ကျွမ်းခဲ့တာဖြစ်ပြီး စုစု​ပေါင်းကာလတန်​ဖိုး ကျပ်သိန်း(၂၅၀)နီးပါး ပျက်​ဆီးဆုံးရှုံးခဲ့​တာဖြစ်ပါတယ်။

 မီး​ပေါ့ဆစွာသုံးစွဲသူအမျိုးသမီးကို ​ ​ဒေါ်ညိမ်းနယ်​​မြေရဲစခန်းက အမှုဖွင့်​လှစ်​ထား​တယ်လို့ သိရပါတယ်။

 မီးဘေးသင့်​ဒုက္ခသည်တွေကို ချောင်းဝကျေးရွာ၊သာသနာ့တံခွန်​ဗိမာန်​​တော်​ကြီးမှာ နေရာချထားပေးပြီး အကူအညီတွေလည်းလိုအပ်နေကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကူညီကယ်​ဆယ်​​ရေးလုပ်​ငန်းတွေ စီမံ​ဆောင်​ရွက်​​ပေးနေတယ်လို့ သိရပါတယ်။

သတင်းနှင့်ရိုက်ကူး- ကျော်စိုးမိုးဖျာပုံ
One News Myanmar
https://www.facebook.com/onenewsmyan
ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာ မီးလောင်မူကြောင့် လူဦးရေ(၆၀၀) မီးဘေးသင့် ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာ မီးလောင်မူကြောင့် လူဦးရေ(၆၀၀) မီးဘေးသင့် Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.