အီရန်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၇ ဦးသေဆုံး

အီရန်နိုင်ငံ ကာရတ်မြို့တွင် ပျက်ကျခဲ့သည့် ဘိုရင်း ၇၃၇ လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
တီဟီရန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

    အီရန်နိုင်ငံ မြောက်ပိုင်း ကာရတ်မြို့၌ ဇန်နဝါရီလ ၁၄ ရက်တွင် ဘိုရင်း ၇၃၇ လေယာဉ်တစ်စီး ပျက်ကျသဖြင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Iran Student News Agency (ISNA) က သတင်းဖော်ပြခဲ့သည်။

လူ ၁၆ ဦးလိုက်ပါလာသော အဆိုပါ ကုန်တင်လေယာဉ်သည် မြို့တော် တီဟီရန်မှ ၄၅ ကီလိုမီတာအကွာရှိ လူနေရပ်ကွက်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံ အရေးပေါ်စင်တာ အကြီးအကဲ ပါရ် ဟိုစိန် ကိုလ်လီဗန် (Pir Hossein Kolivand) ၏ ပြောကြားချက်အား ကိုးကား၍ ISNA က ရေးသားထားသည်။

၎င်းလေယာဉ်သည် ကာဇက်စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်မှ ပျံသန်းလာပြီး အီရန်နိုင်ငံသို့ အသားများ တင်ဆောင်လာခြင်း ဖြစ်ကြောင်း အီရန် စစ်တပ် ပြည်သူ့ဆက်ဆံရေးက ထုတ်ပြန်သော ကြေညာချက်၌ ပါရှိသည်။

အဆိုပါ လေယာဉ်ကို ကာဇက်စတန်နိုင်ငံမှ ပိုင်ဆိုင်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
အီရန်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၇ ဦးသေဆုံး အီရန်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၇ ဦးသေဆုံး Reviewed by THITHTOOLWIN on 23:57 Rating: 5
Powered by Blogger.