အောင်လံမြို့နယ် ဒါးစမ်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံး


မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ဒါးစမ်းကျေးရွာတွင် ဇန်န၀ါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီ (၃၉)မိနစ်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှု အကြောင်းရင်းမှာ ဒါးစမ်းကျေးရွာနေ ဦးဆယ်ကြီး၏ သက်ကယ်မိုးထရံကာနေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ကာ မီးလောင်မှုကြောင့် နေအိမ်(၇)လုံး ၊ ဆိုင်ကယ်တစ်စီးနှင့် သီးနှံများဆုံးရှုံးခဲ့ရပြီး လူတိရိစ္တာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ထို့နောက် မီးဘေးသင့်သူ(၂၇)ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်ရေး စီစဉ်ပေးထားပြီး ဦးဆယ်ကြီး ၃၅နှစ်အား ဒုရင်္ဂဗိုလ်နယ်မြေရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူထားကာ မီးဘေးသင့်သူများအား ကူညီထောက်ပံ့ရေးတို့အတွက် ဆက်လက်ဆောင်ရွက်လျှက်ရှိ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
အောင်လံမြို့နယ် ဒါးစမ်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံး အောင်လံမြို့နယ် ဒါးစမ်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.