တရားမဝင် သယ်ဆောင်လာသော မြွေများအားပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ


သိန္နီ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းဖွင့်လှစ်ထားသည့် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအတွင်း ဇန်န၀ါရီ ၄ ရက် မွန်လွဲ ၃ နာရီခွဲအချိန်က ပူးပေါင်းအဖွဲ့မှ သတင်းအရစောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် 3E/------Alphard ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာထိုသို့စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ယာဉ်၏နောက်ခန်း အတွင်း မြွေမျိုးစုံအား ပလတ်စတစ်ခြင်းများဖြင့်ဖုံးအုပ်သယ်ဆောင်လာသောခြင်းပေါင်း (၉၆)ခြင်းအား တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိသည့် မြွေများအား သစ်တောဝန်ထမ်းများမှ အကောင်ရေ (စိစစ်ဆဲ) တွက် ချက်ကာ တရားမ၀င်သယ်ဆောင်လာသော မန္တလေးမြို့တွင်နေ ထိုင်သည့် ယာဉ်မောင်းနှစ်ဦးအား တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ သဘာဝနယ်မြေများထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေဖြင့် သိန္နီမြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ကျော်ကျော်(မလိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
တရားမဝင် သယ်ဆောင်လာသော မြွေများအားပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ တရားမဝင် သယ်ဆောင်လာသော မြွေများအားပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.