လမ်းအလယ်ယာဉ်ကြောတွင် ယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်မောင်းသူသေဆုံး


ဘားအံ ဇန်န၀ါရီ ၂၆

ကရင်ပြည်နယ် ဘားအံမြို့နယ်သာမညကျေးရွာအုပ်စု ရွာတန်းရှည်ရပ်ကွက် သာမည- သာယာကုန်းကားလမ်းပေါ်၌ ဇန်နဝါရီ ၂၅ရက် ညဦးပိုင်းက လမ်းအလယ်ယာဉ်ကြောတွင် ယာဉ်နှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က ဘားအံမြို့နယ် သာမည- ယာသာကုန်း ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းအရ သာယာကုန်းရဲကင်းစခန်းမှူး ရဲအုပ်လှငွေ နှင့်တပ်ဖွဲ့ဝင်များ သာမညကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစောလွန်းရွှေ နှင့်အုပ်ချုပ်ရေးအဖွဲဝင်များမှသွားရောက်စစ်ဆေးခဲ့ရာ သာမညကျေးရွာဘက်မှ သာယာကုန်းကျေးရွာဘက်သို့ ယာဉ်မောင်း ကောင်းစံ အသက် ၃၀ နှစ် မြို့မရပ်ကွက်သာမညကျေးရွာအုပ်စု ဘားအံမြို့နယ်နေသူ မောင်းနင်လာသော KYN ----- ဟိုက်ဂျက် အမျိုးအစားအဖြူရောင်(လိုင်စင်စီစစ်ဆဲ)နှင့် သာယာကုန်းကျေးရွာဘက်မှ သာမညကျေးရွာဘက်သို့ ယာဉ်မောင်း ဥိးဘအုန်း အသက် ၆၁ နှစ် ဝိဇ္ဇာ(၂)ရပ်ကွက် သာမညကျေးရွာအုပ်စု ဘားအံမြို့နယ်နေသူမောင်းနင်လာသောနံပါတ်မပါ Wave 100 အမျိုးအစား အနက်ရောင်ဆိုင်ကယ်(လိုင်စင်စီစစ်ဆဲ)တို့ လမ်းမအလယ်ကြောတွင်မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ဦးဘအုန်းမှာ ဝဲပါးပေါက်ပြဲဒဏ်ရာ ယာမျက်လုံးညိုမဲဒဏ်ရာ မေးစေ့ပေါက်ပြဲဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ယာဉ်မောင်းနှစ်ဦးကို အိန္ဒုနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်းသတင်းရရှိသည်။

မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လမ်းအလယ်ယာဉ်ကြောတွင် ယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်မောင်းသူသေဆုံး လမ်းအလယ်ယာဉ်ကြောတွင် ယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်မောင်းသူသေဆုံး Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.