အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ ကလေးလုပ်သား ၄ သိန်းနီးပါးရှိ

လုပ်ငန်းခွင်တစ်ခုအတွင်း ကလေးငယ်တစ်ဦးကို တွေ့ရစဉ် / Photo: AFP
မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၄၃ သိန်းရှိပြီး အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ ကလေးလုပ် သားပေါင်း ၄ သိန်းနီးပါးရှိတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန၊ အလုပ်သမား ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် နှစ်စဉ်လုပ်သားအင်အား ပထမသုံးလပတ် အစီရင်ခံစာအရ သိရပါတယ်။

အဲဒီအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ ကလေးအလုပ်သမားတွေဟာ မြို့ပြတွေမှာ ၂ ဒဿမ ၆ ရာခိုင်နှုန်းရှိပြီး ကျေးလက်ဒေသတွေမှာတော့ ၃ ဒဿမ ၇ ရာခိုင်နှုန်း ရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီကလေးလုပ်သားတွေရဲ့ နောက်ခံပညာရေးဟာ မူလတန်းအဆင့်မှာ အများဆုံးရှိပြီး အလယ်တန်းပညာရေးမှာ ဦးရေ အနည်းငယ်သာရှိတယ်လို့လည်း ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ