အချက်အလက် ပေါက်ကြားတဲ့ စင်္ကာပူ ကုမ္ပဏီတွေ ဒဏ်ငွေ ချမှတ်ခံရ

Photo: Mark CHONG / THE STRAITS TIMES / AFP
စင်္ကာပူအစိုးရ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေး ကော်မရှင် PDPC က ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ကုမ္ပဏီတခုနဲ့ အချက်အလက် နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းတခုကို လူ တသန်းခွဲရဲ့ အချက်အလက်တွေ ခိုးယူခံရမှုအတွက် ဒဏ်ကြေးအဖြစ် ကန် ဒေါ်လာ ၇ သိန်းခွဲနီးပါးနဲ့ ညီမျှတဲ့ စင်္ကာပူဒေါ်လာ ၁ သန်း ဒီကနေ့ ချမှတ်လိုက်ပါတယ်။

အခု ဆုံးဖြတ်ချက်အရ SingHealth ခေါ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုကုမ္ပဏီက ဒဏ်ငွေအဖြစ် စင်္ကာပူဒေါ်လာ ၂ သိန်းခွဲနဲ့ Integrated Health Information Systems အချက်အလက်နည်းပညာ ဝန်ဆောင်မှုကုမ္ပဏီက စင်္ကာပူဒေါ်လာ ၇ သိန်းခွဲပေးရမှာဖြစ်ပါတယ်။ မိမိရဲ့ ကျန်းမာရေးဆိုင်ရာ လှို့ဝှက်ချက်တွေ ပေါက်ကြားခံရတဲ့ လူနာတဦးအနေနဲ့ ဘယ်လောက်အထိ နစ်နာဆုံးရှုံးနိုင်တယ်ဆိုတာ ခန့်မှန်းလို့မရနိုင်ပါဘူး၊ ဒီအဖွဲ့အစည်းတွေဟာ သူတို့တာဝန်ယူထားတဲ့ စင်္ကာပူပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လုံခြုံစွာ ထိန်းသိမ်းရန် ပျက်ကွက်ခဲ့တယ်လို့ PDPC ကော်မရှင်က ပြောပါတယ်။

အခုလို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးယူခံရတဲ့ လူ တသန်းခွဲမှာ စင်္ကာပူဝန်ကြီးချုပ် လိရှင်လွန်း လည်းပါဝင်တယ်လို့ ဆိုပါတယ်။ ဒါဟာ စင်္ကာပူနိုင်ငံသမိုင်းမှာ အကြီးဆုံး Cyber-attack ကွန်ပြူတာက အချက်အလက် ခိုးယူမှုဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အချက်အလက် ပေါက်ကြားတဲ့ စင်္ကာပူ ကုမ္ပဏီတွေ ဒဏ်ငွေ ချမှတ်ခံရ အချက်အလက် ပေါက်ကြားတဲ့ စင်္ကာပူ ကုမ္ပဏီတွေ ဒဏ်ငွေ ချမှတ်ခံရ Reviewed by THITHTOOLWIN on 14:29 Rating: 5
Powered by Blogger.