![]() |
ကွာရှင်းပြတ်စဲရင် အမျိုးသမီးကို အကြောင်းကြားဖို့ ဆော်ဒီမှာ စည်းကမ်းသစ်ထုတ် |
အရင်တုန်းက အမျိုးသားက တိတ်တိတ်လေး အိမ်ထောင်ကွာရှင်းထားပြီးတော့ အဲ့လို ပြတ်စဲထားတယ်ဆိုတာကို ကာယံကံရှင်အမျိုးသမီးဆီကို အကြောင်းမကြားဘဲ နေလို့ရကြတယ်လို့ ဆိုပါတယ်။
အခုစည်းမျဉ်းသစ်ကြောင့် အဲ့ဒီလို အမျိုးသားတွေ လုပ်တဲ့အပြုအမှုကို တားဆီးနိုင်တော့မှာပါ။
အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးကို ပိုပြီးတော့ကာကွယ်နိုင်အောင် အိမ်ထောင်ရေးသတ်မှတ်ချက်ကို ပိုပြီးတော့ သိနိုင်အောင် လင်မယားပြတ်စဲရင် သူတို့ကို ပေးရမယ့်ငွေကြေးတွေကို ရနိုင်အောင် အဲ့ဒီစည်းမျဉ်းသစ်က ရည်ရွယ်တာလို့ သိရပါတယ်။
BBC Burmese
https://www.bbc.com/burmese
ကွာရှင်းပြတ်စဲရင် သက်ဆိုင်ရာအမျိုးသမီးကို အကြောင်းကြားဖို့ ဆော်ဒီမှာ စည်းကမ်းသစ်ထုတ်
Reviewed by THITHTOOLWIN
on
23:15
Rating:
