ကျောင်းဆင်းစဉ်ကောက်ရခဲ့သော ဗုံးသီးအားစူးဖြင့် ထိုးကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွား၍ ၇ တန်းကျောင်းသား တစ်ဦးသေဆုံး


နိရဉ္စရာ၊ ဇန်န၀ါရီ ၁၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာမှ ၇ တန်းကျောင်းသား တစ်ဦးသည် ကျောင်းဆင်းစဉ် ကောက်ရခဲ့သည့် ဗုံးသီးတစ်လုံးအား အိမ်ကို ယူလာပြီး အိမ်အရောက်တွက် စူးဖြင့် ထိုးကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသွားသည့် ကလေးငယ်မှာ ရေကောင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်လှဖြူ၏သား မောင်အောင်ဝင်းထွန်း (၁၅) နှစ်ဖြစ်ကြောင်း ရေကောင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး စာရေးက ပြောကြားသည်။

“ ပေါက်ကွဲတာက ၁ နာရီ ၂၈ မိနစ် အတိမှာပါ။ ခြေထောက် နှစ်ဖက်က ဒဏ်ရာပြင်းပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဒဏ်ရာတွေတော့ ရပါတယ်။ အဲဒီကလေးကို ရသေ့တောင်မြို့နယ် ဆေးရုံကို ကားနဲ့ ယူဆောင်သွားပါတယ်။ ဆေးရုံကို အရောက်မှာ အသက်ကုန်သွားပြီလို့ သိရပါတယ်” ဟု ၎င်းစာရေးမှ ယနေ့ ညနေ ၄ နာရီခွဲက ဆက်သွယ်စဉ် နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

မောင်အောင်ဝင်းထွန်းသည် ကျောင်းလွတ်ပြီးနောက် ကျောင်းခြံစည်းရိုး အပြင်ဘက် ခပ်လှမ်းလှမ်းနေရာသို့ သွားရောက်ခဲ့ကြောင်း၊ ၎င်းနေရာမှ ဗုံးသီးငယ် တစ်လုံးအား ရရှိခဲ့ပြီး ကျောင်းလွယ်အိတ်ထဲတွင် ထည့်၍ ယူလာကြောင်း၊ အိမ်ကို အရောက်တွင် ၎င်းဗုံးသီးအား စူးဖြင့် ထိုးကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
ကျောင်းဆင်းစဉ်ကောက်ရခဲ့သော ဗုံးသီးအားစူးဖြင့် ထိုးကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွား၍ ၇ တန်းကျောင်းသား တစ်ဦးသေဆုံး ကျောင်းဆင်းစဉ်ကောက်ရခဲ့သော ဗုံးသီးအားစူးဖြင့် ထိုးကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွား၍ ၇ တန်းကျောင်းသား တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.