![]() |
တအိမ်ထောင် ကလေး ၂ ဦးယူခွင့်ပြုပေမယ့် မွေးဖွားနှုန်းကျဆင်းနေလို့ လုပ်အားစွမ်းအင်လျော့နည်းနေတဲ့ တရုတ်နိုင်ငံမှာ မွေးကင်းစကလေးတွေကို နေ့စဉ် ကျန်းမာရေး စစ်ဆေးပေးနေပုံ / (၁၂-၀၃-၂၀၁၂) |
လူငယ်ဦးရေ လျော့နည်းလာမှုကြောင့် အလုပ်လုပ်တဲ့အရွယ် လူငယ်လူ့စွမ်းအားရင်းမြစ် နည်းလာတာကြောင့် တရုတ်ပြည်မှာ ကလေး ၂ ယောက်ထိ တိုးပြီးယူဖို့ တိုက်တွန်းတဲ့ မူဝါဒကို ၂၀၁၆ နှစ်ဆန်းပိုင်းမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ကလေး ၂ ယောက်ယူဖို့ တိုက်တွန်းတဲ့ မူဝါဒ စကျင့်သုံးတဲ့ ပထမနှစ်မှာ ကလေးပေါင်း ၁၇.၈၆ သန်း မွေးဖွားခဲ့ပေမယ့် နောက် ၂ နှစ်တွင်းမှာတော့ ကျဆင်းခဲ့ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု ဈေးကြီးမှု၊ နေထိုင်စရိတ်ကြီးမှု၊ အိမ်ထောင်ပြုတဲ့အချိန်နောက်ကျမှုနဲ့ ကလေးမလိုချင်တာတွေကြောင့် ကလေးမွေးဖွားမှုနှုန်းကျရတယ်လို့ ဆိုပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
တရုတ်မှာ ကလေးမွေးဖွားနှုန်း ကျဆင်း
Reviewed by THITHTOOLWIN
on
09:34
Rating:
