ကလောမြို့၌ မီးလောင်ကျွမ်းမှုကြောင့် (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ


ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ နန်းပန်တက်ကျေးရွာတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ (၂) ဦးသေဆုံးပြီး၊ (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၃ နာရီအချိန် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ နန်းပန်တက်ကျေးရွာနေ ဒေါ်ညွန့်ကြည်(၇၂)နှစ်၏ နေအိမ်၌ ၄င်းနှင့်အတူ သမီးဖြစ်သူ ဒေါ်စန္ဒာ (၄၇)နှစ်၊ မြေးဖြစ်သူ ကိုကြယ်(၂၉)နှစ်နှင့် မောင်မိုးစက်လင်း(၁၁)နှစ် တို့ အိပ်နေစဉ် ၄င်းနေအိမ် လှေကားအနီးရှိ မီးဖိုမှတစ်ဆင့် မီးသွေးအိတ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ခင်း/ကာ နေအိမ်(၁)လုံးနှင့် ဆိုင်ကယ်(၄)စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၄ နာရီ ၃၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကာ ဒေါ်ညွန့်ကြည်နှင့် မောင်မိုးစက်လင်းတို့တွင် မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်စန္ဒာ နှင့် ကိုကြယ်တို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဒေါ်ညွန့်ကြည် အား ကလောမြို့မရဲစခန်း(ပ) ၁၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ကလောမြို့၌ မီးလောင်ကျွမ်းမှုကြောင့် (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ ကလောမြို့၌ မီးလောင်ကျွမ်းမှုကြောင့် (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 22:23 Rating: 5
Powered by Blogger.