မြောက်ကိုရီးယား ဒုံးပျံကွပ်ကဲရေးစခန်း ကန် အဖွဲ့ ဖေါ်ထုတ်


 မြောက်ကိုရီးယားနိုင်ငံရှိ တာဝေးပစ်ဒုံးပျံစခန်း ၂ဝ ထဲက စခန်းတခုဟာ ဒုံးပျံပစ်ခတ်မှုကွပ်ကဲရေးဌာနချုပ် ဖြစ်တယ်လို့ ဝါရှင်တန်အခြေစိုက် အဖွဲ့အစည်းတခုဖြစ်တဲ့ CSIS ခေါ် နိုင်ငံတကာလေ့လာရေး မဟာဗျူဟာဌာနက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန် သမ္မတ ထရမ့်တို့ လာမယ့်လအတွင်း ဒုတိယအကြိမ်တွေ့ဆုံဖို့ စီစဉ်နေချိန်မှာ မြောက်ကိုရီးယားအစိုးရက တရားဝင်ထုတ်ပြန်အသိပေးထားခြင်းမရှိတဲ့ အဲဒီဒုံးပျံပစ်လွတ်ရေးစခန်းကို တွေ့ရှိရကြောင်း CSIS ရဲ့ ထုတ်ပြန်ချက်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဆိုင်နိုရီ ဒေသမှာရှိတဲ့ အဲဒီ ဒုံးပျံကွပ်ကဲရေးဌာနချုပ်ကို အသုံးပြုပြီး မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယား သို့မဟုတ် သမရိုးကျစစ်ပွဲကို စတင်ဆင်နွှဲနိုင်တယ်လို့ CSIS အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒီစခန်းဟာ တောင်နဲ့မြောက်ကိုရီးယား နယ်စပ်စစ်မဲ့ဇုံကနေ ၁၃၂ မိုင်အကွာမှာရှိတယ်လို့ ဆိုပါတယ်။ အခုသတင်းနဲ့ ပတ်သက်ပြီး သမ္မတ အိမ်ဖြူတော်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

Photo: STR / KCNA VIA KNS / AFP
RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုရီးယား ဒုံးပျံကွပ်ကဲရေးစခန်း ကန် အဖွဲ့ ဖေါ်ထုတ် မြောက်ကိုရီးယား ဒုံးပျံကွပ်ကဲရေးစခန်း ကန် အဖွဲ့ ဖေါ်ထုတ် Reviewed by THITHTOOLWIN on 10:58 Rating: 5
Powered by Blogger.